ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းဝယ်ယူခွင့် လျောက်ထားသူများအား မဲနှိုက်ပေးမည်

ပို့စ်တင်ချိန် - 5/10/2014 02:58:00 PM


ရန်ကုန်-မေ (၉)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား ဝယ်ယူခွင့်လျှောက်ထားလာသည့် အသင်းအဖွဲ့များ၊ အများပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ စုစုပေါင်း (၅၀၄၀)ဦးအား ဒဂုံမြို့နယ် ရှင်စောပုလမ်း M...yanmar Even Park ရှိ MRTV-4 ရိုက်ကူးရေးခန်းမ၌ မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နံနက် ၈ နာရီမှစတင်၍ မဲနှိုက်ပေးမည်ဖြစ်သဖြင့် လျှောက်ထားသူ ကာယကံရှင်များမှ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုနှိုင်ကြောင်း သိရသည်။

ဧပြီ ၅ ရက်နှင့် ၆ ရက်တို့တွင် တိုက်ခန်းမဲပေါက်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများစာရင်းနှင့် မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တိုက်ခန်းမဲပေါက်သူများစာရင်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန် ကြေညာပေးမည်ဖြစ်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ရောင်းချ ပေးမည်ဖြစ်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar