၂ နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့် သတ်ဖြတ်သူအား ဩစတြေးလျ ရဲတပ်ဖွဲ့ဖမ်းဆီး

ပို့စ်တင်ချိန် - 5/05/2014 09:27:00 AM


ဩစတြေးလျနိုင်ငံတွင် ၂ နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။


အသက် ၂၃ နှစ်အရွယ် အမျိုးသား ကို ဆစ်ဒနီမြောက်ပိုင်း၊ ကော့ဖ်ဟာ ဘားစ်အရပ်တွင် ဖမ်းဆီးကာ သောကြာနေ့တွင် လူသတ်မှု၊ မုဒိမ်းမှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း ရဲများက ဆိုသည်။ မိန်းကလေးငယ်၏ ပထွေးတော်စပ်သူသည် မိန်းကလေး၏ မိခင်မရှိချိန်၌
မိနစ် ၂၀ ကြာမျှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၂၀ ရက်နေ့က ဖြစ်ရပ်ကြောင့် မိန်းက လေးသည် ဆေးရုံသို့ တင်ပို့ခံရသော် လည်း နောက်ပိုင်းတွင် ကိုယ်တွင်းဒဏ်ရာများဖြင့် အသက်ဆုံးရှုံးသွားရှာသည်။

ရဲတပ်ဖွဲ့သည် ကြာသပတေးနေ့တွင်မူ မိန်းကလေး၏ ပထွေးအား ဖမ်းဆီးခဲ့ သည်။ ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲ မှုဖြင့်လည်း သီးခြားစွဲချက်တင်ခြင်း ခံခဲ့ရသည်။ စုံထောက်အရာရှိ ဒါရန်ဂျာမီ ဆန်က “ကလေးမလေးရဲ့ အစာအိမ်ထိ ထိုးနှက်ချက် တော်တော်များများ ခံထားရတယ်။ အဲဒီမှာတင်အတွင်းပိုင်းဒဏ်ရာတွေ အများကြီးရသွားပြီး သူကွယ်လွန် သွားရှာတာပါ။ သူ့အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားသွားခဲ့တယ်။ ဧပြီလ ၂၁ ရက်နေ့မှာ ကလေးမလေး ကွယ်လွန်ခဲ့ပါတယ်” ဟု တရားရုံးတွင် ထွက် ဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ကလေးမလေး ၏ မိခင်သည် နေအိမ်အပြင်ဘက်သို့ အချိန်တိုလေးမျှ ထွက်ခွာသွားစဉ် ယခု တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဟုသိရသည်။ ပထွေးဖြစ်သူအနေဖြင့် ယခုသီတင်းပတ် ကုန်တွင် စွဲချက်တင်မှုနှင့် စတင်ရင်ဆိုင် ရမည်ဖြစ်သည်။

Planet