ရုရှား လိုလားသော ခွဲထွက်ရေး သမားများ ကျောက်မီးသွေးတွင်းများ ကို သိမ်းပိုက်ပြီး ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ် ပေးရန် တောင်းဆို

ပို့စ်တင်ချိန် - 5/25/2014 10:20:00 AM



ရုရှား လိုလားသော ခွဲထွက်ရေး သမားများ သည် ယူကရိန်း အရှေ့ပိုင်းရှိ ကျောက်မီးသွေး တွင်းများအား ကြာသပတေးနေ့ က သိမ်းပိုက်ခဲ့ပြီး သတ္တုတွင်း အလုပ်သမားများ အား ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ပေး ရန် တောင်းဆို ခဲ့ကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာန က ပြောဆိုခဲ့သည်။
တနင်္ဂနွေနေ့ တွင် ယူကရိန်းတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ခွဲထွက်ရေး သမားများ သည် ရွေးကောက်ပွဲ အား နှောင့်ယှက်ရန် အတွက် ယူကရိန်း စီးပွားရေး၏ အဓိက ရင်းမြစ် တစ်ခုဖြစ်သည့် ကျောက်မီး သွေးတွင်းများ ကို တိုက်ခိုက် သိမ်းပိုက် ထားခြင်းဖြစ်သည်။
ရုရှား နယ်စပ်နားရှိ လူဂန်စကီ ဒေသတွင် ဖြစ်ပွားခဲ့သည့် အထက်ပါ ဖြစ်ရပ်အား ယူကရိန်း စွမ်းအင် ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားသော်လည်း ခွဲထွက်ရေး သမား မည်မျှ ပါဝင်သည်၊ ကျောက်မီးသွေးတွင်း အလုပ်သမားများ ၏ ကံကြမ္မာ မည်သို့ ရှိသည် တို့ကိုမူ ယခု အချိန်အထိ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးချေ။
ယူကရိန်း စွမ်းအင် ၀န်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် ““အကြမ်းဖက် သမားတွေဟာ လက်နက်တွေ နဲ့ သတ္တုတွင်း အလုပ်သမားတွေ ကို ခြိမ်းခြောက် နေကြပြီး ဖောက်ခွဲရေး ပစ္စည်းများအား တောင်းဆို ထားကြပါ တယ်””ဟု ဆိုထားသည်။ ထို့ပြင် ယူကရိန်း စွမ်းအင်ဝန်ကြီးသည် ထိုကိစ္စအား လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ အား ချက်ချင်း ဆောင်ရွက်ရန် ယူကရိန်း လုံခြုံရေးဌာနကို တောင်းဆို ထားသည် ဟုလည်း ဆိုထား သေးသည်။ ကရိုင်းမီးယား ဒေသအား ရုရှားက ၎င်းတို့ပိုင် အဖြစ် သတ်မှတ်ပြီး နောက် ယူကရိန်း နှင့် ရုရှားတို့ကြားရှိ ဆက်ဆံရေး တင်းမာလာခဲ့ပြီး တစ်ချိန်တည်းမှာတွင် ယူကရိန်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေး သမားများသည် အကြမ်းဖက် တိုက်ခိုက်မှုများ အား ပြုလုပ် လာခဲ့သည်။ ကရိုင်းမီးယားအား သိမ်းပိုက် ထားသည့် ရုရှားအား အမေရိကန် အပါအ၀င် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal