မယား ၂ ယောက်ကပစ်သွား၍ အထီးကျန်ခြင်းကို မခံစားနိုင်သောကြောင့် ပထမ မယားကို အိမ်ခေါ်ပြီး မြေအောက်ထဲ ချုပ်ထားတဲ့ ယောင်္ကျား

ပို့စ်တင်ချိန် - 5/09/2014 02:56:00 PM


တရုတ်နိုင်ငံ၊ ဆီချွမ် အရပ်ဒေသ မှာရှိတဲ့ အသက် (၄၀)နှစ် အရွယ်ရှိ လင်ဒါဂျန်ဟာ ဇနီးဟောင်းကို မြေအောက်ခန်းထဲ ဖမ်းဆီး ပိတ်လှောင်ထားလို့ ပြန်ပေးဆွဲမှု နဲ့ စွဲချက်တင် ဖမ်းဆီးခံ ထားရပါတယ်။ လင်ဒါဂျန် ဟာ ဇနီးနှစ်ဦးစလုံးရဲ့ ချန်ရစ် ခွဲခွာခြင်းကို ခံခဲ့ရပြီးတဲ့ နောက် ပထမဇနီးကို နေအိမ်သို့ ခေါ်ပြီး စကားပြောဆိုပြီးတဲ့အခါ ဖမ်းဆီးပိတ်လှောင်ခဲ့ခြင်း ဖြစ်ပါ တယ်။

လင်ဒါဂျန်ဟာ အသက် (၃၅)နှစ်အရွယ် ရှိ ဇနီးဟောင်း ထွက်ပြေး လွတ်မြောက်သွားမှာကို စိုးရိမ်ခဲ့ပြီး ပိတ်လှောင်ထားခဲ့ပြီးထွက်ပြေး ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရဲတပ်ဩ၀င် တာဝန်ရှိသူတစ် ဦးက ““လင်ဒါဂျန်ဟာ ဇနီးဟောင်းဖြစ်သူ ခွဲ ခွာသွားမှာကို စိုးရိမ် ခဲ့တာမို့ မြေအောက်ခန်း ထဲမှာ သံကြိုးနဲ့ ချည်နှောင်ပြီး ပိတ်ပင်ထားခဲ့ ပါတယ်။ သူ့ရဲ့ဇနီးဟာ ခြိမ်းခြောက်မှုတွေနဲ့ လည်း ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်လို့ ထွက်ပြေးခဲ့ရင် သတ်ပစ်မယ်လို့ပြောခံခဲ့ရပါတယ် လို့ ဖွင့်ဟ ခဲ့ပါတယ်။ ဒေသခံ အစိုးရက တာဝန်ရှိသူတွေဟာ လူဦးရေ စာရင်းလိုက်ကောက် ရာမှာ လင်ဒါဂျန်ဟာ ဇနီးဟောင်းကို ဖမ်းဆီးချုပ်နှောင် ထားကြောင်း တွေ့ရှိပြီးတဲ့ နောက် ရဲတပ်ဖွဲ့ ကို တိုင်ကြားခဲ့လို့ ပြန်လည် ကယ်တင်နိုင်တာ ဖြစ်ပါတယ်။ လင်ဒါဂျန်ရဲ့ ဇနီးဟောင်း ဟာ အိမ်ထောင်သစ် ထူထောင်ပြီး လူပျောက်မှု နဲ့ တိုင်ချက်ဖွင့် ထားပေမယ့် ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပါဘူး။ လူဦးရေစာရင်း လိုက်ကောက်တဲ့အဖွဲ့ ဟာ အမျိုးသမီးတစ်ဦး ရဲ့ အော်သံကြားခဲ့လို့ ပြန်လည် ကယ်တင်နိုင်ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ကဆိုပါတယ်။ လင်ဒါဂျန်ဟာ ပြန်ပေးဆွဲမှုအပြင် မတရား ဖမ်းဆီးချုပ်နှောင်ထားမှု နဲ့လည်း တရားရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
The Messenger