အလှမယ်ဆုရတာကနေ အောင်မြင်ကျော်ကြားလာသူ အနုပညာရှင်များ

ပို့စ်တင်ချိန် - 5/01/2014 02:24:00 PM


ပြည်တွင်း Miss အလှမယ်ပြိုင်ပွဲများကနေ ဆုတံဆိပ်တွေရရှိခဲ့ပြီး ပြည်သူပရိသတ်တွေကြားမှာ အောင်မြင်ထင်ရှားခဲ့ကြသူတွေဟာ မိမိဝါသနာရှင်သန်ရာ သရုပ်ဆောင် အနုပညာလောကထဲကို အခြေချ ရပ်တည်ခဲ့ကြပါတယ်။ ဒီနေ့အချိန်အခါမှာလည်း ပြည်တွင်း Miss ပြိုင် ပွဲများကနေ နိုင်ငံတကာအဆင့် Miss အလှမယ်ြ ပိုင်ပွဲတွေဆီ တက်လှမ်းကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားသူတွေပေါ်ထွက်
လာကြပါတယ်။ ဒါကြောင့် သရုပ်ဆောင်အနု ပညာလော ကထဲ မှာလည်း အောင် မြင်မှုတွေနဲ့ ဘဝရပ်တည်နေကြသူ Miss တွေဖြစ်သလို၊ တစ်ချိန်က Miss အလှမယ်ဘဝမှာလည်း ဆုတံဆိပ်တွေနဲ့ အောင်မြင်မှုတွေရယူခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ်နဲ့ ဘဝကို စွန့်စားတီထွင်ကာ အောင်မြင်မှုတွေရယူခဲ့ပြီး ပရော်ဖက်ရှင်နယ် အနုပညာရှင်ဘဝကို ယုံကြည်ချက် ခိုင်မာစွာ တည်ေ ဆာက်ဖြစ်ခဲ့ပုံအကြောင်း မေမြန်းဖြစ်ခဲ့ပါတယ်။

ဆန်းသစ်လ

” ၂ဝ၁၂ ခုနှစ်၊ မေလမှာ The Faceshop Top Girl 2012 and Brand Ambass-ador ဆုရခဲ့တယ်။အဲဒီအချိန်တုန်းက ကိုရီးယားကိုသွားပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံရတယ်။ တအား လည်းပျော်ခဲ့တယ်။အဲဒီအချိန်တုန်းကပရဟိတအလုပ်တွေကိုတအားကြီးတွင်တွင် ကျယ်ကျယ် မလုပ်ဖြစ်ပေမယ့် ကိုယ်တတ်နိုင် သလောက် လှူ တယ်။ မွေးနေ့ဆို မိဘမဲ့ကလေး ကျောင်း၊ စိတ်ကျန်းမာရေးဆေးရုံတွေမှာလှူတယ်။ Miss တစ်ယောက်အနေနဲ့ ဦးဆောင်စံပြလုပ် သွားရင် ပိုကောင်း တယ်လေ။ ညီမက မျက်ကြည်လွှာ၊ အရိုး၊ သွေးတို့လည်းလှူထားတယ်။ Miss ဖြစ်လာပြီးနောက် ကိုယ်ဖြစ်ချင်တဲ့ သရုပ်ဆောင်ဆိုတာကို လည်း ရွေးချယ်လို့ရ တယ်။ ရှေ့ဆက်ပြီး သွားတဲ့ အခါလည်း လမ်းကြောင်းတွေရလာတာပေါ့”

ခွန်းဆင့်နေခြည်

” မယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ နှစ်ရှည်စီမံကိန်းနဲ့ ကစားရ တယ်။ တအားကိုကြိုးစားခဲ့ရတယ်။ ကိုယ့်ရဲ့ဇွဲနဲ့ ပြိုင်ပွဲတွေမှာ ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တယ်။ ရရှိခဲ့တဲ့ ဆုတွေကတော့ Miss Myanmar ရပြီးသွားပြီ။ အိုလံပစ်မယ်၊ ပြည်နယ်နှင့် တိုင်းပေါင်း စုံမယ်၊ ရန်ကုန်တိုင်းမယ် အားလုံးစုစုပေါင်း ၈ဆုလောက်တော့ ရခဲ့တယ်။ အဲဒီဆုရဖို့ကလည်း လွယ်လွယ်လေးနဲ့ရခဲ့တာတွေမှမဟုတ်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ရင်းနှီးခဲ့ရတာ ပေါ။ အဲဒီလိုမျိုးနဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့ရတယ်။ အစ်မတို့တုန်းက Miss ရသွားပြီး နောက်ပိုင်းဆိုရင် အဲဒီတုန်းကဘာတွေရှိလဲဆိုတာ နိုင်ငံတော်ကနေပြုလုပ်ကျင်းပတဲ့ပွဲတွေဆိုရင် မဖြစ် မနေတက် ပေးရတယ်။ အဲဒီ အခါကျတော့ ပရိဟတအနေနဲ့ အထွေအထူးကြီးတော့မလုပ်ခဲ့ရဘူး။ ကိုယ့် ရတဲ့ ဆုလေးနဲ့ ပွဲတွေမှာ ပါဝင်ဖြစ်ခဲ့တယ်။ အဲဒီလိုမျိုးလေးတွေတော့ လုပ်ခဲ့ရတယ်။ ခုနောက် ပိုင်းဆိုရင်လည်း ပရဟိတတွေကို နိုင်သလောက်တော့လုပ်နေပါတယ်။ကြုံရင်ကြုံသလိုဘိုးဘွား ရိပ်သာတို့၊ဆွံ့အံ့နားမကြားကျောင်း၊မိဘမဲ့ကျောင်းတို့ အဲဒီလို မျိုးတွေ မှာတော့ လှူဖြစ်တယ်။ အထင်ကရကြီးနာမည်ခံပြီးလုပ်တာမျိုးမဟုတ်ပေမယ့်အများကြီးလုပ်ဖြစ်ခဲ့ပါတယ်။ပရဟိတပွဲ တွေမှာ အနုပညာဒါနအားနဲ့ လှူဒါန်းပေး ခဲ့တယ်။ ဒီကလေးတွေအတွက်အလှူငွေကောက်ခံပေးခဲ့တယ်။ ဒါကလည် ပရဟိတလုပ်ခဲ့တာပါပဲ။ နိုင်ငံတကာမှာဆိုရင် Miss တွေက သူတို့ဟီးရိုး အနေနဲ့လုပ်ကြတယ်။ ခုလည်း ဒီက Miss ကတွေကလည်း ပရဟိတတွေ လုပ်နေကြတာတွေ့ရ တယ်။ ကိုယ်ကိုယ်တိုင်လည်း ပရဟိတစိတ်ဝင်စားတယ်။ လုပ်လည်းလုပ်ပေးချင်တယ်”

အေးမြတ်သူ

” ၂ဝဝ၄ခုနှစ်မှစပြီးတော့ Miss ရိုမန်ဆန်ကိုဝင်ပြိုင်ဖြစ်တယ်။ Miss ရိုမန့်ဆုကို ရရှိခဲ့တယ်။ နောက်ပိုင်းမှာလည်း ပြိုင်ပွဲတွေကို တောက်လျှောက်ဝင်ပြိုင်ခဲ့တယ်။ Miss People ဆု ကို ရခဲ့တယ်။တခြားပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့တယ်။ ဆုကြေးငွေအနေနဲ့ ကတော့ အခုခေတ်ပြိုင်ပွဲတွေလောက်တော့ မများဘူး။ ဒါပေမဲ့ အထောက် အကူေ တာ့ လုပ် ပေးနိုင်တဲ့ အားကတော့ သူ့ခေတ်သူ့အခါမှာတော့ အဆင်ပြေခဲ့တယ်။ ဒီဘက်ခေတ်နဲ့ယှဉ်ရင်တော့ အများကြီးတော့ ကွာဟသွားတယ်။ အဓိက ကတော့ ပရိသတ်နဲ့ ထိတွေ့မှုကို လိုချင်တယ်။ ဂျာနယ်တွေ၊မဂ္ဂဇင်းတွေမှာဓာတ်ပုံရိုက်ပြီးကာဗာအဖြစ်ပါချင်ခဲ့တယ်။ ပရဟိတလုပ်ငန်းတွေကတော့ မလုပ်ဖြစ် ခဲ့ဘူး။ Miss ဖြစ် သွားပေမယ့်တခြားကြော်ငြာတွေက လာပြီး ကမ်းလှမ်းတာမျိုးမရှိသေးဘူး။ အခုဒီဘက် ခေတ်မှာကတော့ နိုင်ငံကိုယ်စားပြုဆိုတာမျိုး ပါဝင်ယှဉ်ပြိုင်ရင် ပွဲတွေ၊ ကြော်ငြာေ တွကလာပြီး ကမ်းလှမ်းကြတယ်။ အဲဒီအတွက် အခုခေတ် Miss တွေက အရမ်းကံကောင်းကြတယ်။” အေးမြတ်သူတို့တုန်းကတော့ ကိုယ့်ရဲ့အ သုံး စရိတ် လည်း ပြန်ပြီးသုံးရတာဖြစ်တဲ့အတွက်အများကြီးတော့ ပြန်ပြီးမလှူတန်းဖြစ်ဘူး။ ဒါပေမဲ့ လှူချင်စိတ်မရှိတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်လှူနိုင်သလောက်တော့ လှူဖြစ် တယ်။ ထုတ်ဖော်ပြောပြလောက်အောင်တော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီဘက်ခေတ်မှာကျတော့ ပရဟိတအလုပ်တွေ တအားလုပ်လာကြတယ်။ ဘယ်ကုသိုလ် အလုပ် မဆို ကိုယ်နာမည်ကြီး ဖို့ အတွက်ထက် ကိုယ့်စိတ်ထဲက တကယ့်ကိုလေးလေး နက်နက်နဲ့ လုပ်ခဲ့တာဆို ကုသိုလ်ရပါတယ်။ Miss တွေလည်း ပြိုင်လာတာများ လာတယ်။ အခု Miss ရတဲ့ Miss တွေကလည်း ပရဟိတအလုပ်တွေ လုပ်လာတာကိုတွေ့ရတယ်။ အဲဒီလိုမျိုးတွေ ဆုံးဖြတ်ချက်ချနိုင် တဲ့ သူတို့ရဲ့သတ္တိ ကိုလည်း တအား ကိုချီး ကျူးပါတယ်။ တကယ် လှူနိုင်၊တကယ်လှူဖြစ်ခဲ့မယ်ဆိုရင်ပိုပြီးတော့ဝမ်းသာပါ တယ်။တကယ်သာဓု ခေါ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ငယ် ရွယ်ရွယ် ဒီလို စိတ်ဓာတ်မျိုးလေးတွေနဲ့ လှူနိုင်တန်းနိုင် တယ် ဆိုတာ တကယ့်ကိုချီးကျူးပါတယ်”

အိန္ဒြာကျော်ဇင်

အစ်မအနေနဲ့ Miss Christmas 1997 နဲ့ Miss ကုက္ကိုင်း ၁၉၉၈ ကိုရရှိခဲ့တယ်။ အူဝဲတို့ လုပ်တုန်းကတော့ ပရဟိတတွေလုပ်တာ သိပ်မရှိဘူး။ ကိုယ်ကလည်း ဘာမှ နား မလည်တာလည်း ပါတယ်။ အဲဒီတုန်းကလည်း တအား တွင်တွင် ကျယ်ကျယ် မရှိသေးဘူး။ အခု နောက်ပိုင်းမှာကျတော့ ပရဟိတလုပ်ငန်းတွေကိုပါ လုပ်လာကြတာ တအားကောင်းပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ အူဝဲတို့တုန်းတော့ ပြည်တွင်း မှာလုပ်တဲ့ မော်ဒယ်ပြိုင်ပွဲတွေပဲ ရှိတယ်။ အခုမှသာနည်း နည်းပွင့်လင်းလာတာပါ။ အူဝဲတို့တုန်းကတော့ Miss ရသွားတော့ လူကပိုသိသွားတယ်။ ရုပ်ရှင်လောကထဲကို ဝင်မယ်ဆိုရင်လည်း သိပ်အခက်အခဲမရှိတော့ဘူး။ ပရဟိတအလုပ်ကတော့ Miss ရမှ
မဟုတ်ပါဘူး။ ဘယ်မှာပဲဖြစ်ဖြစ် ပရဟိတဟ အလုပ်က လုပ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။ နိုင်ငံတကာမှာ Miss Universe ဆုတွေရရင် ပရဟိတလုပ်ငန်းတွေဆက်လုပ်
လာကြတယ်။ မြန်မာမှာလည်း အဲဒီလိုမျိုးဖြစ်လာတာ ပိုကောင်းပါတယ်”

Popular Myanmar