ခန္ဓာကိုယ်ပေါ်တွင် ထောင်ချောက်နှင့် အတူ ထွက်ပြေးလျှင် ဓါတ်လိုက်စေရန် ဓါတ်များစေလွှတ်ထားပြီး ၁၈လကြာ လိင်ကျေးကျွန်အဖြင့် ဖမ်းဆီးထား ခံရသော အမျိုးသမီး

ပို့စ်တင်ချိန် - 5/18/2014 07:59:00 AM


အော်စက၏ပုံ

အိုင်ဒါဟိုပြည်နယ်တွင် အလွန်ဝမ်းနည်းစရာကောင်းသောဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့တဲ့အကြောင်းကို World-Myanmar News ကနေ ဆီလျှော်အောင်ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ ဖြစ်စဉ်မှာ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးကို အော်စကာဆိုသူမှာဖမ်းဆီးချုပ်နှောင် ထားပြီး နေ့ စဉ်လိုလို ၁၈လကြာကြာ မုဒိမ်းကျင့်၊ နှိပ်စက်မှုများပြုလုပ်ခဲ့သည်။ လိင်ဆက်ဆံခြင်းခံရတိုင်း သူမကို မူးယစ်ဆေးများတိုက်ကျွေးမှုများပြုလုပ်ခဲ့ကြောင်း ၁၈လအကြာထိုသူထံမှ ထွက်ပြေးလွှတ်မြောက်လာပြီး နောက်သူမကသက်ဆိုင်ရာရဲကိုပြောကြားသည်။ သူမဘ၀အတွက်အလွန်ပင်ကြမ်းတမ်းခဲ့ပါတယ် ဓာတ်အားလွှတ် ထားသောထောင်ချောက်ဖြင့်သူ့ မအားတပ်ဆင်ထားပြီး၊ မရေတွက်နိုင်သောအကြိမ်ပေါင်းများစွာကိုလည်း တူဖြင့်ရိုက်နှံခံခဲ့ရသည်ဟုလည်းသူမကဆိုပါသည်။

ထွက်ပြေးစဉ်ကလည်း ခွေးတစ်ကောင်လိုပင်လည်ပင်းတွင်ကြိုးဆွဲခံထားရပြီး အိမ်ပတ်ပတ်လည်ကိုလှည့်ပတ်သွားပြီးမှာ ခက်ခက်ခဲခဲ ကြိုးပမ်းပြီးလွတ်မြောက်လာ ခဲ့ခြင်းဖြစ်သည်။ ရဲအဖွဲ့ မှာလည်းလိုအပ်သော သက်သေများနှင့်ထွက်ဆိုချက်များကိုယူပြီး အခင်းဖြစ်ပွားခဲ့သော အိမ်ကိုသွားရောက်စစ်ဆေးခဲ့ရာ သံကြိုးများ၊ နံရံနှင့်ကြမ်းပြင်များပေါ်တွင်ဖောက်ထားသောသံကြိုးတမ်းလန်းနှင့်သော့ခလောက်များ၊ လက်လုပ်သေနတ်၊ အပြင်ဘက်တံခါးတွင်လည်းသံကြိုး၊ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားသူမည်သူမဆို ဓါတ်လိုက်စေရန်ဓါတ်အားများကိုလည်းအိမ်ပတ်ပတ်လည်တွင်လွှတ်ထားသည်ကိုတွေ့ ရှိရပါတယ်ဟု ရဲအဖွဲ့ ကဆိုသည်။ အဆိုပါအမှုနှင့်ပတ်သတ်၍ အော်စကာအားဖမ်းဆီးထားပြီး အာမခံကြေးဒေါ်လာ ၁သန်းသတ်မှတ်ထားသည်။

Ref: dailymail


World-Myanmar