ဖိုဖျက်ခံရသည့် လယ်တီသိမ်နှင့်စေတီတော်ကို ကျော်ရွာနှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်မည်

ပို့စ်တင်ချိန် - 5/15/2014 01:39:00 AM


လှိုင်ထွေးအောင် ၊ ဆားလင်းကြီး၊ မေ ၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း သွတ်သွင်း ခံထားရသည့် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နှင့်စေတီတော်ကို အပြီးတိုင်ဖြိုဖျက် ပြီးဖြစ်ရာ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ ကျော်ရွာ နှင့် မျက်နှာချင်းဆိုင်နေရာတွင် တည်ဆောက် မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

''သိမ်တော်နဲ့စေတီတော်ကို ဧပြီ ၂၈ ရက်ကစဖျက်တယ်။ အဲဒီနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စဖျက်တယ်။ အဲဒီအ ချိန်မှာ လေမိုးကျလို့ ဖျက်တာရပ်နားတယ်။ ဧပြီ ၂၉ ရက်မှာ သိမ်ရော၊ စေတီပါအပြီးဖြို ဖျက်ခံရတယ်။ စက်ကြီးတွေနဲ့ ဖျက်တာဆို တော့ အလွယ်တကူနဲ့ပြီးသွားတာပေါ့။

ဒေ သခံပြည်သူတွေကို အသိပေးခြင်းမရှိတာ၊ လက်ပံတောင်းတောင်ကော်မရှင် အစီရင်ခံ စာကို အလေးမထားဘဲ ဆောင်ရွက်တာတွေ မို့ ဒေသခံပြည်သူတွေအနေနဲ့ လုံးဝကျေနပ် မှုမရှိဘူး''ဟု တုံကျေးရွာမှ အမည်မဖော်လို သူရွာသားတစ်ဦးက ပြောသည်။

သိမ်နှင့်စေတီတော် ဖျက်ဆီးရာ တွင်ပါဝင်သည့် အလုပ်သမားများနှင့် မိုး ဇော်ကုမ္ပဏီမှ အလုပ်သမားများကို ဧပြီ ၂၈ ရက်မှ ၃ဝ ရက်အထိ အလုပ်ရပ်နားထားပြီး မှ ဖြိုဖျက်ခြင်းဖြစ်ကြောင်း၊ ဖြိုချဖျက်ဆီးခံရ သည့်စေတီတော်မှ ဌာပနာပစ္စည်းများ မည် မျှတွေ့ရှိသည်ကို ပြည်သူများသိရှိခြင်းမရှိ သဖြင့် လက်ပံတောင်းတောင် စီမံကိန်းနယ် မြေအတွင်းရှိ ဒေသခံပြည်သူများ၏အခက် အခဲများကို ဖြေရှင်းပေးနိုင်ရန် ဖွင့်လှစ်ထား သည့်ကော်မတီ၏ ဆက်ဆံရေးရုံးသို့ ဒေသ ခံ ၁၂ဝ တို့ သွားရောက်ညှိနှိုင်းသော်လည်း လက်ခံဖြေရှင်းပေးမည့်သူမရှိဘဲ ရုံးပိတ်ထား သဖြင့် ပြန်လာကြရကြောင်း သိရသည်။

''အခုစေတီတော်နဲ့ သိမ်တော်ကို ကျော်ရွာတောင်ဘက် ကားလမ်းဘေးမှာ အုတ်မြစ်ချတည်ဆောက်နေပြီ။ အပြင်က လူတွေမမြင်ရအောင် သံဆူးကြိုးကာအလုံ ပိတ်ထားလို့ ဘယ်နေ့က စတင်ဆောက်လုပ် တယ်ဆိုတာတော့မသိရဘူး။

ကျော်ရွာက မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးနဲ့ နှစ်မိုင် လောက်ပဲဝေးတယ်။ အခုသိမ်တော်ဆောက် တဲ့နေရာကလဲ လက်ပံတောင်းတောင်စီမံ ကိန်းနယ်မြေနဲ့ နီးနီးလေးရယ်'' ဟု ကျော်ရွာ မှ လက်ပံတောင်းတောင်အရေးစောင့်ကြည့် နေသူတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင်တွင် ဖြိုချ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် လယ်တီဆရာ တော်ကြီး သိမ်တော်နှင့်စေတီတော်များကိစ္စ အတွက် မေ ၇ရက်က ဒေသတွင်းဘုန်းတော် ကြီး ၁၂ ပါးတို့အား ပင့်ဖိတ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး အဆိုပါကိစ္စအတွက် ဒေသခံကျေး ရွာများဖြစ်သည့် ဆည်တည်း၊ တုံ၊ မိုးကြိုးပြင်၊ ဇီးတော၊ ဝက်မှေးစသော ကျေးရွာများမှ ရှေ့ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဆွေး နွေးပွဲတစ်ရပ်ကျင်းပကြကြောင်း သိရသည်။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈