မွေးကင်းစ ယောကျာ်းကလေးအမွှာ စွန့်ပစ်ထား

ပို့စ်တင်ချိန် - 5/07/2014 12:02:00 PM



မေ ၄ ရက် နံနက် ၆ နာရီခွဲခန့်က အင်းစိန်မြို့မရဲစခန်းမှ ဒုရဲအုပ် လွန်းအောင်ဆန်း တာဝန်ထမ်းဆောင်နေစဉ် ကွက်သစ် ရပ်ကွက်ရာအိမ်မှူး ဦးခင်လှသည် ဖန်စက်လမ်းထိပ် လှိုင်မြစ်ကမ်း တွင် မွေးကင်းစ အမွှာပူး ယောက်ျား ကလေး အလောင်း စွန့်ပစ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါကလေးအလောင်းကို အင်းစိန် ဆေးရုံသို့ ပို့အပ်ပြီး အင်းစိန်မြို့ရဲစခန်းက (ပ)၄၁၉/၁၄ ပြစ်မှုပုဒမ ၃၁၈ အရ အမှုဖွင့် စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

MOI Webportal Myanmar