စက်ပျက်သော်လည်း စိတ်ဓာတ်မပျက်ပြားတဲ့ ချီးကျူးဖွယ် ကနေဒါ နိုင်ငံသားများ

ပို့စ်တင်ချိန် - 5/17/2014 07:42:00 PM


ကနေဒါ နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာလေးပါ ..
အလုပ်သမားတွေပေါ့ဆမှုကြောင့် Auto ဂိတ်တံဂါးပျက်နေခဲ့တယ်
ဖြတ်သန်းခ ငွေတွေ ထည့်စရာမလိုပဲ ၀င်လို့ရတယ်ပေါ့
ဒါပေမယ့် .. ကနေဒါနိုင်ငံသားတွေ အားလုံး
တန်ရာတန်ကြေးကို ပုံမှာပြထားတဲ့အတိုင်းစက်အပေါ်တင်တားခဲ့ကြတယ်
ဘယ်လောက်ထိ တာဝန်ယူတတ်ကြသလဲဆိုတာ သက်သေပါပဲ ..
ပထမဆုံးငွေအကြွေစေ့ စက်ပေါ်တင်ပေးသွားတဲ့လူကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်
သူ့ကြောင့်နောက်လူတွေလည်းငွေအကြွေစေ့တင်ရကောင်းမှန်း
စက်ပျက်နေမှန်းသိပြီး ကိုယ့်အလှည့်ကျ ငွေ မထားခဲ့ရင်
“ ရှက်ရကောင်းမှန်း ” သိပြီး အခုလို ထားခဲ့ကြတာပါ ..

ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုဖြစ်စေချင်လှပြီ …
“ ကိုယ့်တာဝန်ကိုယ်သိတတ်တဲ့အချိန် ” ပေါ့ ။

သက်တန့်ချို
Photo : Almost Hit A Billion

ဒီပုံလေးကိုတော့ နမူနာ ယူတတ်အောင် တာဝန်သိစိတ်ဆိုတာ ဘာလဲသိအောင် Share ပေးစေချင်ပါတယ် Like လည်းလုပ်စေချင်ပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း ဒီလို အမူအကျင့်ကို သိပ်နှစ်သက်ပါတယ် ။