လွှတ်တော်အမတ်လစာ ကျပ်သုံးသိန်း နှင့် အခြားခံစားခွင့် အလွန်နည်းသည်ဟုဆို

ပို့စ်တင်ချိန် - 5/29/2014 09:14:00 PM

ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု

ပြည်ထောင်စုအဆင့် အမတ်တွေရတဲ့ လစာနဲ့ အခြားစရိတ်တွေဟာ လုပ်ငန်းတာဝန်နဲ့ လိုက်လျောညီထွေ မဖြစ်ဘဲ အလွန်နည်းပါးနေတယ်လို့ လွှတ်တော်အခွင့်အရေး ကော်မတီက လွှတ်တော်မှာ အစီရင်ခံပါတယ်။

မေ ၂၈ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံတာ ဖြစ်ပြီး လွှတ်တော်အမတ် အတော်များများကလည်း ထောက်ခံပြောဆိုကြပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေဟာ ၁ လ လစာ ကျပ် ၃ သိန်း၊ နေပြည်တော်မှာ လွှတ်တော်တက်စဉ် တည်းခိုခ၊ စားစရိတ်နဲ့ အထွေထွေ တနေ့ ကျပ် ၁ သောင်း ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် လွှတ်တော်အကြောင်း ရှင်းပြဖို့ ကိုယ့်မဲဆန္ဒနယ်မြေတွေဆီ သွားတဲ့အခါ တချို့ခရီးဆို ခရီးစရိတ် ကျပ် သိန်း ၂၀ လောက် ကုန်ကြောင်း၊ ကုန်ကျစရိတ် အလွန်များကြောင်း၊ တချို့ ပြည်သူတွေဆို သူအတွက် ငွေ ၁၀ သိန်းလောက် စုထားပေးပြီး ၂ ကျပ်တိုးနဲ့ ပြန်ချေးထားတာတွေတောင်ရှိကြောင်း ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက လွှတ်တော်ထဲမှာ တင်ပြပြောဆိုခဲ့ပါတယ်။

DVB Burmese