အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 5/21/2014 01:49:00 PM


ရန်ကုန်၊ မေ ၂၁

၂၀.၅.၂၀၁၄ရက်နေ့ ၁၈၅၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ကာသေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးဝင်းဆွေ၊(၆၈)နှစ်ဖြစ်ပြီး ယာခြေကျင်းဝတ်တွင်တွင် မီးလောင်ဒဏ်ရာ(၁)ချက်ရရှိထား
သည်ကို တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် နေအိမ်အပေါ်ထပ်ရှိ လေသာဆောင်
သို့သန့်ရှင်းရေးပြုလုပ်ရန်သွားစဉ် ၎င်းနေရာရှိ မိုးရေစိုနေပြီးလျှပ်စစ်များ
စီးဝင်နေသောဝါယာကြိုးနှင့် ခြေကျင်းဝတ်တို့ထိမိရာမှဓါတ်လိုက်ခံရ၍ ဒဏ်ရာရရှိသေဆုံးခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၃၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police