အာဆီယံ ခေါင်းဆောင်များစီးရန် ဘီအမ်ဒဗလျူ ကားအစီး ၇၀ ပံ့ပိုး

ပို့စ်တင်ချိန် - 5/05/2014 05:16:00 PM


မြန်မာနိုင်ငံထဲမှာ BMW ကားတွေ ဖြန့်ချိရောင်းချဖို့ တဦးတည်း ကိုယ်စားလှယ် ရထားတဲ့ Prestige အော်တိုမိုဘိုင်းကုမ္ပဏီဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ တခြား အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခေါင်းဆောင်တွေ စီးဖို့ BMW ကားအစီး ၇၀ ပံ့ပိုးပေးခဲ့ပါတယ်။

ဒီကားတွေကို မေ ၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန မှာ ကျင်းပတဲ့ BMW ကားအစီး ၇၀ လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ညွှန်ချုပ် ဦးတင်ထူးက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ပံ့ပိုးပေးတဲ့ ကားတွေထဲမှာ BMW 7 Series, 5 series Sedan နဲ့ BMW X5 Sports Activity Vehicle အမျိုးအစားကားတွေ ပါဝင်တယ်လို့ သိရပါတယ်။

BMW ကုမ္ပဏီဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆန်းမစ်အစည်းအဝေးပွဲတွေတုန်းကလည်း ခုလိုပဲ ကားတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။

DVB Burmese