ခရီးသည်တင်ယာဉ်မှ မျက်နှာချင်းဆိုင်မောင်းနှင်လာသော ယာဉ်နှင့် တိုက်မိပြီး ရပ်ထားသောယာဉ်နှင့် လူတို့အား ဆက်လက်တိုက်မိ သဖြင့် သေဆုံး ၊ ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/12/2014 06:10:00 AM


ရန်ကုန်၊ မေ ၁၁

၁၁.၅.၂၀၁၄ရက်နေ့ ၀၆၃၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊
(၁၁)ရပ်ကွက်၊ ပုဂံလမ်းအတိုင်း ၆ ကွေ့ ဘက်မှ ရွှေပေါက္ကံဘက်သို့ ယာဉ်မောင်း စိန်အောင် (၅၈)နှစ်၊ (ဘ)ဦးကုလားညို၊ (၂)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်နေသူမောင်းနှင်လာသော 5B—-
ဟီးနိုးဘတ်စ် (၄၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် (၄၃)
ကားဂိတ်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ
ယာဉ်မောင်း ကိုဇော်ဦး မောင်းနှင်လာသော ၉ခ—-လိုက်ထရပ်
ကိုယ်ပိုင်ယာဉ်ကိုတိုက်မိခဲ့ပြီး လမ်းစပ်၌ရပ်ထားသော 5B—ISUZU ခရီးသည်တင်ယာဉ်ကို ဆက်လက်တိုက်မိခဲ့ရာ ၎င်းယာဉ်၏
နောက်ပိုင်း၌ ရေတိုင်ကီအတွင်းရေဖြည့်နေသူ ယာဉ်နောက်လိုက် ကိုထွန်းအောင်ကျော် အားကြိတ်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်များပျက်စီးပြီး ကိုထွန်းအောင်ကျော်
တွင် ဦးနှောက်ပွင့်ထွက်၊ ၀ဲ/ယာခြေထောက်ပွန်း၊ ယာလက်ဖျံပွန်း
ဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၉ခ—
ယာဉ်၏ခေါင်းခန်းတွင်လိုက်ပါစီးနင်းလာသူ မသန္တာဝင်းတွင်နဖူးပွန်း၊ ၀ဲဒူးနာကျင်ဒဏ်ရာများ ရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင်
ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိန်အောင်
အား ရွှေပေါက္ကံနယ်မြေရဲစခန်းယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police