ထိုင်းစစ်တပ်က နေဝင်မီးငြိမ်းအမိန့်ကို တစ်နေ့လေးနာရီလျှော့ချ

ပို့စ်တင်ချိန် - 5/28/2014 02:04:00 PM




နှင်းဆီပန်းများကိုင်ဆောင်ထားသည့် ထိုင်းလုံခြုံရေးတပ်သားများကို ဘန်ကောက်မြို့လယ်တစ်နေရာတွင်တွေ့ရစဉ်
ဘန်ကောက်- ထိုင်းနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအမျိုးသားရေးကောင်စီက နေဝင်မီး ငြိမ်း အမိန့်သတ်မှတ်ချိန် ခုနစ်နာရီကြာ သတ်မှတ်ထားရာမှ လေးနာရီလျှော့ချလိုက်ကြောင်း မေ ၂၇ ရက်တွင် ကြေညာခဲ့သည်။

နေဝင်မီးငြိမ်းအမိန့်သစ်မှာ မေ ၂၈ ရက် ယနေ့စတင်အသက်ဝင်မည်ဖြစ်သည်။

နိုင်ငံတော်အာဏာသိမ်းလိုက်ပြီး ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားလိုက်ကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာအကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာလိုက်ပြီးနောက် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ (ခုနစ်နာရီကြာ) နေဝင်မီးငြိမ်းအမိန့်ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခလိပ်ခဲတည်းလည်းအခြေအနေဖြစ်နေစဉ် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားရေးကာကွယ်ရန်ဆိုကာ ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် သုံးရက်အကြာတွင် နေဝင်မီးငြိမ်းအမိန့်သတ်မှတ်ချိန်ကို ယင်းကဲ့သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။

—Ref: Strait Times
7day daily