ကားတာယာ ပျက်စီး ယိုယွင်းမူ အာရုံခံ စနစ်ပါသော ဘီး

ပို့စ်တင်ချိန် - 5/17/2014 01:24:00 PM


ကားတစ်စီးမှာ အရေးအပါဆုံးတွေထဲကတစ်ခုက ဘီးတွေလို့ပြောလို့ရပါတယ်။ အရင် ကားမတော်တဆမူတွေဖြစ်ရတဲ့ ရာခိုင်နှုန်းတော်တော်များများဟာ ကားဘီးတွေ ကျွတ်ထွက်တာတို့၊ တာယာ လေဖိအားထိန်းချုပ်မူ မရှိတာတွေကြောင့် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ တာယာ သက်တမ်းလွန်နေတာတို့ ၊ တာယာမှာ ပြသနာ
တစ်ခုခုရှိနေတာဟာ ထိုကားပေါ်မှာ
ပါရှိနေတဲ့လူတွေအတွက် သေမင်းနဲ့အတူ ခရီးသွားနေရသလိုပါပဲ။ Continental စီးပွားရေး အုပ်စုက TPMS လို့ခေါ်တဲ့
တာယာဖိအားထိန်းချုပ်မူစနစ်, တာယာသက်တမ်းနဲ့ ပုံသဏ္ဍန်တို့ကို အန္တရာယ် ကင်းရှင်းစေရေး တစ်စိတ်တစ်ပိုင်းအတွက် မိတ်ဆက်ချပြခဲ့ပါတယ်။

ထို စနစ်ဟာဆိုရင် တာယာထဲမှာ ဆင်ဆာ (အာရုံခံစနစ်တွေ) ပါဝင်ပြီး လမ်းရဲ့ မျက်နှာပြင်နဲ့ အပြန်အလှန် အကျိုးပြုစေမှာ ဖြစ်ပါတယ်။ ကားတာယာရဲ့ သက်တမ်း
ကုန်ဆုံးနေပါမူ သင့်ကို အသိပေးမှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ လုံခြုံမူ၊ အန္တာရယ်ကင်းမူတွေအတွက် အကူအညီ လုံးဝကို ပေးစေပါမယ်။ ဒီလို TPMS စနစ်ကို ၂၀၁၇ လောက်မှာ ထွက်ရှိနိင်အောင် မျှော်လင့်လျက်ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ မျက်လုံးနဲ့ စစ်ဆေးတာတိုင်းတာခြင်းတွေက အဆင်ပြေစေပေမဲ့ နည်းပညာ ခေတ်ရဲ့ တိုးတက်မူ ၊ လူသက်သာ ၊ အချိန်သက်သာစေတဲ့နည်းပညာတစ်ခုမို့ တင်ဆက်လိုက်ရပါတယ်။

Aung Heine ...
Smart Pro Journal