သမီးကလေးကျေးရွာမှ လှည်းကူးရွာသစ်သို့ ပြောင်းလာသူတစ်ဦး မီးလောင်သေဆုံး

ပို့စ်တင်ချိန် - 5/15/2014 10:17:00 AM




သမီးကလေးကျေးရွာမှ လှည်းကူးမြို့နယ်အတွင်းသို့ ပြောင်းလာသည့်အမျိုးသားတစ် ဦးသည် အိမ်တွင်အရက်သောက် နေစဉ်  မီးလောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်၊ ဝါးယားကုန်းကျေးရွာ ရွာသစ်နေသူသည် မေလ ၂ ရက်တွင် ခန္ဓာကိုယ်အနှံ့မီးလောင်ခဲ့ပြီး မေလ ၁၁ ရက်တွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  သတင်းရရှိသည်။

  အဆိုပါအမျိုးသားသည် မေလ ၂ ရက်နေ့လယ်က နေအိမ်၌  တစ်ဦးတည်းအရက် သောက်နေစဉ် ဆေးလိပ်မီးညှိ ရာ အရက်ဆီဘူးကိုလက်ဖြင့် တိုက်မိခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးစွဲလောင်ခံခဲ့ရသည်။

 ၎င်းအမျိုးသားကြီးသည် ရခဲ့သောမီးလောင်ဒဏ်ရာများကို အိမ်တွင်ဆေးကုနေရာမှ မေလ ၁၁ ရက်တွင်သေဆုံးသွားသောကြောင့် ၎င်း၏သမီးက လှည်းကူးမြို့မရဲစခန်းသို့ သွားရောက် အကြောင်းကြားခဲ့သည်။

အဆိုပါကျေးရွာသည် သမီး ကလေးကျေးရွာမှ ဖယ်ရှားခံရပြီး နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပြောင်းရွှေ့နေရာချထားပေးခြင်းခံရ သည့်ရွာသစ်ဖြစ်သည်။

7day daily