အပစ်ရပ်စာချုပ် ဒုတိယမူကြမ်း အတည်ပြု

ပို့စ်တင်ချိန် - 5/24/2014 02:00:00 PM


Author:
အောင်ခိုင်၊ အောင်သူရ
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် ဒုတိယမူ ကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး တတိ ယမူကြမ်းပြီးပါက အပြီးသတ် လက်မှတ်ရေးထိုးနိုင်မည် ဖြစ် ကြောင်း သတင်းရရှိသည်။

မေလ ၂၃ ရက်ကပြုလုပ် သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိ နှိုင်းရေးအဖွဲ့ (NCCT)တို့ဆွေး နွေးပွဲအပြီးတွင် သဘောတူစာချုပ် ဒုတိယမူကြမ်း (Single Text Draft) ကို အတည်ပြုနိုင်ခဲ့ပြီး တိုးတက်မှုများ ရရှိခဲ့ကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။ ထို့အပြင် နှစ်ဖက် ကိုယ်စားလှယ်များက တတိယမူကြမ်းသည် နောက်ဆုံး မူကြမ်းဖြစ်နိုင်ကြောင်းဆွေးနွေး ပွဲအပြီးတွင်ပြောကြားသည်။

‘‘ဒီနှုန်းနဲ့ ဆိုရင်တော့ ကျွန်တော်တို့ တတိယမူကြမ်းက နောက်ဆုံးပိတ်ဟာဖြစ်မှာပါ’’ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန် ဥက္ကာကပြောသည်။

 သုံးရက်ကြာ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်ကိုယ်စားလှယ် များက ပထမမူကြမ်းပါအခန်း ၇ ခန်းမှ ထပ်မံဆွေးနွေးညှိနှိုင်းရ မည့် အချက်များကို နှစ်ဖက် သဘောတူညီချက်များ ရရှိကာ ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့ကြောင်းနှင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲကို လာမည့် ဇွန်လ အတွင်း ရန်ကုန်မြို့၌ထပ်မံပြုလုပ် မည်ဟုဆိုသည်။

ယင်းဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးညီလာခံကို ပြုလုပ်မည် ဖြစ်သည်။ ထို့နောက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ကိုလက်မှတ်ရေးထိုးနိုင် မည်ဖြစ်သည်။

‘‘အားလုံးလိုချင်တဲ့နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲက ဒီနှစ်ကုန် လောက်မှာဖြစ်နိုင်ပါတယ်။ အဲဒီ အတွက်ကိုလည်း အားလုံးကကြိုး စားနေကြတာ’’ဟု မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနအကြီးတန်း အကြံပေးဦးလှမောင်ရွှေကဆိုသည်။

 ယခု ဒုတိယမူကြမ်းအပြီး ဆွေးနွေးရန်ကျန်ရှိသည့်အချက် များကို နှစ်ဖက်ကိုယ်စားလှယ်များ က သက်ဆိုင်ရာသို့ပြန်လည်တင် ပြသွားမည်ဖြစ်သည်။ ယခုဆွေး နွေးပွဲအတွင်း အကြိတ်အနယ်ညှိ နှိုင်းနေရသော ဒို့တာဝန်အရေး သုံးပါးအဓိပ္ပာယ်ရှင်းလင်းချက်ကို တပ်မတော်မှ တိုင်းရင်းသားအဖွဲ့ များသို့ ပေးအပ်ခဲ့ပြီး တိုင်းရင်း သားများဘက်ကလည်း ၎င်းတို့ ဖွင့်ဆိုထားသောဒို့တာဝန်အရေး သုံးပါးအဓိပ္ပာယ်ရှင်းလင်းချက်ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ တပ်မတော်ဘက်မှ ပေးအပ်သောအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပြည့် စုံလုံလောက်မှု မရှိသေးကြောင်း ပြောကြားပြီး အသေးစိတ် ပြော ဆိုခြင်းမရှိပေ။

သို့သော် NCCT မှအတိုင် ပင်ခံဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက တပ်မတော်ပါဝင်မှု မှာ တိုးတက်မှုများရှိခဲ့ပြီး တတိယ မူကြမ်းအပြီးတွင် အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်းပြောသည်။

7day daily