မိကရင်ရွာအနီးက ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်

ပို့စ်တင်ချိန် - 5/03/2014 04:02:00 PM


ဓာတ်ပုံ – KIC

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်ကို Myanmar Jidong Cement ကုမ္ပဏီက ၁ ရက် တန် ၅ ထောင် ထုတ်လုပ်နိုင်မယ် ဘိလပ်မြေတည်ဆောက်ဖို့ ဒေသခံတွေက သဘောတူညီလိုက်ပြီလို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။



မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်မှာ ၁ ရက်ကို ဘိလပ်မြေ တန် ၅ ထောင် ထုတ်လုပ်နိုင်မယ့် ဘိတ်လပ်မြေ စက်ရုံတည်ဆောက်ဖို့ ဒေသခံတွေရဲ့ သဘောတူညီမှု ရရှိပြီဖြစ်ပြီး ပြည်နယ်နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) ဆီက ခွင်ပြုချက်ကျရင် စက်ရုံကို တည်ဆောက်မယ်လို့ Myanmar Jidong Cement ကုမ္ပဏီလီမိတက် ရဲ့ ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ပြောပါတယ်။
“ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားအားလုံး ရပြီ။ ရပြီဆိုတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို သဘောထားတင်ပြထားတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့နေက သဘောတူညီကြောင်း သဘောထားရပြီဆိုရင် MIC ကို ဆက်တင်မယ်။ MIC က ခွင့်ပြုပြီးတာနဲ့ စက်ရုံတည်ဆောက်မှာပါ။ ”

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ကုမ္ပဏီ၊ ကရင်ပြည်နယ်ဝန်ကြီးတွေ၊ ကေအန်ယူတပ်မဟာ ၁ တာဝန်ရှိသူတွေနဲ့ ဒေသခံရွာသားတွေ တွေ့ဆုံတုန်းက ဒေသခံအများစုက စက်ရုံကို လက် မခံကြပါဘူး။
ဒါပေမယ့် လက်ရှိမှာ ဒေသခံတွေက သဘောတူတယ်ဆိုတဲ့ပေါ် မေးမြန်းရာမှာတော့ အဲဒီနေ့က ဘေးက ပရောဂတွေလည်း ရှိတဲ့အတွက် အတည်ပြုလို့မရဘူးကြောင်း ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဘိလပ်မြေ ထုပ်လုပ်မယ့် တောင်ဟာ ဒေသခံတွေ အသက်မွေးဝမ်း ကျောင်းပြုတဲ့ တောင်မဟုတ်ဘူးလို့ ဦးစိုင်းမျိုးဝင်းက ပြောပါတယ်။
“အစောပိုင်းကလည်း ရယူထားပြီးပြီ။ ၂၈ ရက်နေ့ကတော့ ဘေးက ပယောဂတွေလည်း ပါတာပေါ့နော်။ ၂၈ ရက်နေ့က အခြေအနေကိုတော့ အတည်ယူလို့ မရပါဘူး။ အဲဒီတောင်မှာတော့ အသက်မွေးဝမ်းကြောင်း ပြုတာတော့ မရှိဘူး။ အဲဒီတောင်က အရမ်း မတ်စောက်တယ်။ အရမ်းမတ်စောက်တော့ လူကလည်း တက်လို့မရဘူး။ နောက် ဘာအပင်မှလည်း မပေါက်ဘူး။ အဲဒီနေ့က ရေးပေးတဲ့သူကလည်း ဒီဒေသ ဒီတောင်ရဲ့ အခြေအနေကို မသိဘူးနဲ့တူပါတယ်။ မျှစ်ချိုးတာတို့၊ ၀ါးခုတ်တာတို့ လျှောက်ပြောနေတယ်။ တကယ်တော့ ဒီတောင်မှာ ဘာမှ မရှိပါဘူး။”

မိကရင်တောင်ရွာအနီး ဘိလပ်မြေတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လက မြန်မာပြည်တွင်းအခြေစိုက် Myanmar Ji Dong Cenment ကုမ္ပဏီနဲ့ ကရင်အမျိုးသားအ စည်းအရုံး (ကေအန်ယူ) သထုံခရိုင်၊ တပ်မဟာ ၁ တို့ ပဏာမ သဘောတူညီခဲ့ပါတယ်။

ကုမ္ပဏီဘက်ကတော့ စက်ရုံတည်ဆောက်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင်နဲ့ ဒေသခံတွေနစ်နာမှုမရှိအောင် အနီးတဝိုက် ကျေးရွာတွေကို ရေ၊ မီး၊ ပညာ ရေးစတဲ့ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးသွားမှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်အောင်လည်း လုပ်ဆောင်ပေမယ်လို့ ကတိပြုထားပါတယ်။


DVB Burmese