၁၁နှစ်အရွယ်အိမ်နီးချင်း မိန်းကလေးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ၁၄နှစ်သား

ပို့စ်တင်ချိန် - 5/10/2014 06:06:00 AM


မြောက်ကယ်လိုရိုင်းနား မှာတော့ ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ယမန်နှစ်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၁၁နှစ်အရွယ် မိန်းကလေးငယ်ကို သူမရဲ့ အိပ်ယာထဲမှာ အဓမ္မပြုကျင့်ခဲ့ပြီး နိုင်ထက်စီးနင်း ပြုခဲ့ပါတယ်။

McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေး တစ်ဦးကို မုဒိမ်းမှုနဲ့ လူသတ်မှုတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ကြေငြာခဲ့ပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မိသားစုတွေနဲ့ အိမ်နီးချင်းတွေကတော့ သူဟာ Antonio Trey Jones ဖြစ်ပြီး အခုဆိုရင် အသက် ၁၅နှစ်ပြည့်တော့မယ့်သူ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။


အဆိုပါ ကျူးလွန်မှု ဖြစ်ခဲ့စဉ်က Jones ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ဘိုးအေ ဖြစ်သူ Howard Jones နဲ့အတူ အသတ်ခံရတဲ့ မိန်းကလေးရဲ့ အိမ်နားမှာရှိတဲ့ အိမ်တစ်အိမ်မှာ အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ကောင်လေးရဲ့ ဘိုးအေ ဖြစ်သူကတော့ အကယ်၍ ဒီပြစ်မှုကို သူကျူးလွန်ခဲ့တယ်ဆိုရင် အခုလို သူ့ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်ကတော့ ဒါပဲပြောနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရဲမှတ်တမ်းများအရ မိန်းကလေးငယ်ကို ခေါင်းအုံးနဲ့ဖိထားပြီး အဲဒီအတွက်ကြောင့် အသက်ရှူရပ်သွားတာဖြစ်ကြောင်း မှတ်တမ်းမှာရေးသားထားပါတယ်။ ဒါ့အပြင် သူမရဲ့ အတွင်းခံဘောင်းဘီဟာလည်း အောက်ကို လျောကျနေပြီး သူမကိုတော့ စောင်နဲ့ အုပ်ထားတယ်လို့  ရဲမှတ်တမ်းများ အရ သိရပါတယ်။

သူမအသတ်ခံရပြီး နောက်တစ်နေ့မနက်မှာတော့ ကျောင်းသွားဖို့အတွက် သူမရဲ့ ဖခင်က လာနှိုးတဲ့အခါမှ သူမသေဆုံးနေကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။  သူမတို့နေအိမ်မှာတော့ သူမအဖေ၊ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သူမရဲ့အစ်ကို နဲ့ သူမတို့ သုံးဦးသာ နေထိုင်ကြောင်း သိရပါတယ်။ သူမရဲ့ အကိုဖြစ်သူဟာလည်း အဲဒီနေ့မနက်မှ မိသားစုအိမ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲကနေ ပြန်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Jones ဆိုတဲ့ ကောင်လေးကိုတော့ မိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ကျန်နေခဲ့တဲ့ DNA နဲ့ တိုက်စစ်ပြီး ရလာတဲ့ အဖြေများအရ ပြစ်မှုကျူးလွန်သူ ဖြစ်ကြောင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ် မတိုင်ခင်က ကောင်လေးကို မိန်းကလေးရဲ့အိမ်ကို ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့ဖူးတယ် လို့ ပြောပါတယ်။ အကြောင်းကတော့ သူဟာ မိန်းကလေးကို ရုတ်ရင်းကြမ်းကြုတ်တဲ့ သဘောပါတဲ့ ထင်မြင်ချက်တွေ ပေးတဲ့အတွက်လို့ မိန်းကလေးရဲ့ မိသားစုကပြောပါတယ်။

ဒါပေမယ့်လည်း Jones မိသားစုရဲ့ အသိမိတ်ဆွေတွေကတော့ ကောင်လေးဟာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူ တစ်ဦးဖြစ်ပြီး အာရုံကြောဆိုင်ရာ ရောဂါခံစားနေရတဲ့အတွက် ဒီလို ဖြစ်ရပ်မျိုး ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ သူဟာ အခြားကလေးနဲ့ မတူဘဲ ခွဲခြားထားပြီး ပညာသင်ကြားနေရသူ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ကောင်လေးရဲ့ အဘိုးကတော့ Jones ဟာ သူ့မိခင်နဲ့ အတူနေထိုင်ဖို့ သူ့ဆီကနေ ပြောင်းသွားခဲ့ဖူးကြောင်း ပြောပါတယ်။ ပတ်ဝန်းကျင်မှ သူတွေကတော့ ကောင်လေးဟာ ချစ်စရာကောင်းပြီး ဒီလို အပြုအမှုမျိုးကို ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ ရဲများက မှားယွင်းနေတာ ဖြစ်နိုင်ကြောင်း ထင်မြင်ယူဆချက်တွေ ကွဲလွဲနေကြပါတယ်။

မိန်းကလေးရဲ့ မိဘများကတော့ သူတို့လည်း ကောင်လေးဟာ ယခုလို ပြုလုပ်လိမ့်မယ်လို့ မထင်ထားကြောင်းနဲ့ သူတို့ရဲ့ သမီးကို ယခုလို သူတို့နဲ့ အဝေးဆုံးခွဲသွားလိမ့်မယ်သူ လို့ မယုံကြည်ကြောင်း ပြောပြပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယခုလို ပြစ်မှု ကျူးလွန်ခဲ့တဲ့ ကောင်လေးကို ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် တာဝန်ရှိသူများနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ကောင်လေးကိုတော့ ဘယ်လို အပြစ်ဒဏ်ချမှတ်မယ် ဆိုတာ မသိရသေးပါဘူး။

World-Myanmar News
ref: dailymail.co.uk