နိုင်ငံခြားသူယောဂီထံမှ ယူရိုငွေနှင့်ပစ္စည်းများခိုးယူသည့်တရားခံ ဖမ်းမိ ဖမ်းဆီးပေးသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်

ပို့စ်တင်ချိန် - 5/29/2014 12:47:00 PM


ရှမ်း၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ဗီယက်နမ်ကျောင်းတိုက်မှပျောက်ဆုံး သွားသော နိုင်ငံခြားသူယောဂီတစ်ဦး ၏ယူရိုငွေနှင့်ပစ္စည်းများအား တရား ခံနှင့်အတူ ဖော်ထုတ်ဖမ်းဆီးပေးနိုင် ခဲ့သော ကလောမြို့နယ် မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များအား အဆိုပါတရား ရိပ်သာကျောင်းတိုက်တွင် မေ ၂၅ ရက်က ဂုဏ်ပြုလက်ဆောင်များပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်ရှိ နိုင်ငံခြားသား များ တရားအားထုတ်လေ့ရှိသည့် ဗီ ယက်နမ်ကျောင်းတိုက်တွင် မေ ၁၄ ရက်က စပိန်နိုင်ငံသူယောဂီ ဒေါ်ဥတ္တ ရာ၏အခန်းတွင်းမှ ယူရိုငွေ ၂၉ဝဝ ကျော်အပါအဝင် နိုင်ငံခြားငွေအချို့ Samsung Handset ဆင်းမ်ကတ် ပါဖုန်းတစ်လုံး။ i-Pad တစ်လုံးနှင့်နိုင်ငံ ကူးလက်မှတ်အပါအဝင် အသုံးအ ဆောင်ပစ္စည်းများ မေ ၁၄ ရက်က ပျောက်ဆုံးသွားကြောင်းသိရသည်။

ကလောမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သူနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ပေး ရာ ခိုးယူသွားသူအား မေ ၂၂ ရက် တွင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် သည်။
''အခုခိုးယူခံရတဲ့ငွေတွေက က လောမှာရှိတဲ့ မနောလှကျောင်းမှာ လှူဒါန်းမယ့်ငွေတွေဖြစ်ပါတယ်။ အ ခုလိုပြန်ရမယ်ဆိုတော့ အားလုံးကို ကျေးဇူးတင်ပါတယ်''ဟု ယောဂီ ဒေါ် ဥတ္တရာက ပြောပါသည်။

ဒေါ်ဥတ္တရာမှာ ဗုဒ္ဓဘာသာဝင် အဖြစ် လွန်ခဲ့သော ၁ဝ နှစ်ကျော်က တည်းက ဆရာကြီးဦးဂိုအင်ကာထံ တွင် လေ့လာသင်ယူပြီး တရားအား ထုတ်ခြင်း၊ မိမိနေထိုင်ရာစပိန်နိုင်ငံ ရှိ ဗုဒ္ဓဘာသာဝင်များအား ပြန်လည် သင်ကြားပြသခြင်းဖြင့် သာသနာပြု နေသူတစ်ဦးဖြစ်ကြောင်းသိရသည်။

''ကိုယ့်နိုင်ငံကိုလာတဲ့ ဧည့်သည် တွေသာသနာပြုတဲ့သူတွေကို အခက် တွေ့အောင်လုပ်တာ နိုင်ငံပုံရိပ်ကိုထိ ခိုက်ပါတယ်။ အခုတော့ တရားခံကို လဲဖမ်းဆီးနိုင်တယ်ဆိုတော့ တော်သေး တာပေါ့။ တာဝန်ရှိပြီး တာဝန်ကျေသူ တွေကို အဘတို့က ချီးမြှောက်ရမှာ ပေါ့'' ဟု ဒေါ်ဥတ္တရာကဲ့သို့ နိုင်ငံခြား သားတရားအားထုတ်သူများကို ကူညီ ပေးနေသူ ဦးဧ(ဂုဏ်ရောင်)က ပြော သည်။

ဒေါ်ဥတ္တရာနည်းတူ တရားအား ထုတ်နေသူ အမေရိကန်နိုင်ငံသား ယောဂီ ကိုသီဟ၏အခန်းတွင်းမှလည်း မြန်မာငွေလေးသိန်းခန့်ပျောက်ဆုံး ခဲ့သည်ဟုသိရပြီး ထိုစဉ်က ငွေကြေး သက်သက်ဖြစ်သည့်အပြင် တရားအား ထုတ်သည့်အချိန်ထိခိုက်မည်စိုးသ ဖြင့် တိုင်ကြားခြင်းမရှိခဲ့ဟု ကိုသီဟ က ရှင်းပြသည်။

တရားခံဖြစ်သူ စိုးနိုင်ထွေး(ခ) စိုးနိုင်ထွန်း(ခ)ဘိုဖြူ ၁၇ နှစ်သည် က လောမြို့ အမှတ်(၇)ရပ်ကွက်တွင်နေ ထိုင်ကာ ယခင်က အဆိုပါဘုန်းကြီး ကျောင်းတွင် ပန်းရန်လုပ်ငန်းလုပ်ကိုင် ခဲ့ဖူးကြောင်း၊ ယခင်ကအမှတ် (၇)ရပ် ကွက် ဗောဓိကုန်းကျောင်းအနီးတွင် လည်း ခိုးမှုကျူးလွန်ခဲ့ဖူးကြောင်း တာ ဝန်ရှိသူများထံမှသိရပြီး ပြစ်မှုကျူး လွန်သူ စိုးနိုင်ထွေး(ခ)စိုးနိုင်ထွန်း (ခ) ဘိုဖြူအား ကလောမြို့မရဲစခန်းမှ (ပ) ၃၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ/ ၅၄ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Yangon Media Group
အိမ်ချစ်မေ ၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)