ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ရေကပြင်မှ ချော်ကျ၍ ကလေးထွက်ကျပြီး မိခင်ပါသေဆုံး

ပို့စ်တင်ချိန် - 5/08/2014 11:12:00 AM



ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ရေကပြင်မှ ပြုတ်ကျသေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ကွမ်းခြံကုန်း မြို့မ ရဲစခန်းမှ သိရသည်။ ရေကပြင်က အမြင့်ကြီးတော့ မဟုတ်ဘူး။ ချော်နေတော့ ပြုတ်ကျပြီးအောက်က တုံးတွေနဲ့ ထိခိုက်မိသွားတယ်။ ဖြစ်ဖြစ်ချင်းဆုံးသွားတာမဟုတ်ဘူး။ ဖြစ်ပြီးခဏနေတော့ သွေးဆင်းတယ်။
 နောက်ကလေးပါထွက်ကျ ပြီး မိခင်ပါ သေဆုံးခဲ့တယ်ဟု ကွမ်းခြံကုန်း မြို့မရဲစခန်းမှတာဝန်ရှိသူ တစ်ဦး ကပြော သည်။

 ဖြစ်စဉ်မှာ မေလ(၄)ရက်နေ့၊ ည(၇) နာရီခန့်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ကမာကလွန်း ကျေးရွာတွင် နေထိုင်သူ အသက်(၄၁)နှစ် အရွယ်ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးသည် နေအိမ်၏ အနောက်ဘက်လေးပေခန့်မြင့် သော ရေကပြင် မှ ပြုတ်ကျခဲ့ရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ငါးလ ကျော်ခန့်ရှိ ကိုယ်ဝန် ပျက်ကျပြီး၊ ည (၁၂)နာရီခန့်တွင် နေအိမ်၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသမီး၏ အလောင်းအား ကွမ်းခြံကုန်း မြို့နယ် ဆေးရုံသို့ ပို့အပ်ခဲ့၍ PR-10 ဖြင့် လက်ခံ ထားရှိပြီး၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် ဒုရဲအုပ်ထွန်းလင်းလင်းမှ တရားလိုပြုလုပ် တိုင်တန်းမှုကို ကွမ်း ခြံကုန်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် စဉ်(၄/၁၄)ဖြင့် အမှုဖွင့်ပြီး ရဲ (၃၁၀၉) ဒုရဲမှူးထွန်းနိုင် က စစ်ဆေးဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
The Messenger