ပြည်သူကယုံကြည်လေးစားချစ်ခင်တဲ့ တပ်မတော်ဆိုတာ

ပို့စ်တင်ချိန် - 5/21/2014 11:13:00 AM


ဒီမိုကရေစီနိုင်ငံက တပ်မတော်ပါ။ စစ်တပ်က သူ့အလုပ်သူပဲ့လုပ်ပါတယ်။ ဘယ်တော့မှ သူမတပ်ကျွမ်းတဲ့တိုင်းပြည်အုပ်ချု ပ်မှုကို မလုပ်ပါဘူး။အဲဒါကြောင့်လည်းတိုင်းပြည်က တိုးတက်တာပါ။ ထိုင်းက ကမ္ဘာကသိတဲ့ အဆင့်တန်းဝင်နိုင်ငံ တနိုင်ငံဖြစ်နေပါပြီ။ ထိုင်းတပ်မတော်က စစ်ဗိုလ်စစ်သားတွေတိုင်းဟာ နိုင်ငံတော်ကိုပြည်သူတွေ၊စီးပွားရေးလုပ်ငန်းတွေကပေးဆောင်တဲ့ အခွန်ငွေအထဲက မိသားစုစားဝတ်နေရေးပြည့်စုံအောင် လခတွေရကြပါတယ်။ အဲဒီအတွက် တိုင်းပြည်ကို ဘယ်လို ကာကွယ်စောင့်ရှောက်ပြီး သစ္စာရှိရမယ်ဆိုတာလည်းသိခဲ့ပါတယ်။ အစဉ်လာ သမိုင်းလည်းကောင်းခဲ့ပါတယ်။ သိက္ခာလည်းရှိပြီး ပြည်သူတွေရဲ့ချစ်ခင်လေးစားချင်းကို ရရှိပါတယ်။ မြန်မာ့တပ်မတော်က လည်း ကျနော်တို့အဘိုးတွေလက်ထက်... စပြီးထူထောင်ကစ ၁၉၄၂ကနေ ၁၉၆၂ခုနှစ်လောက်အထိ အနှစ်၂၀လောက် ပြည်သူတွေချစ်ခင်လေးစားမှုကို အထူးခံခဲ့ရတယ်လို့ အဘိုးဆီကသိခဲ့ရပါတယ်။ အဲဒီတုန်းက ပုံတွေနဲ့ သတင်းဂျာနယ်အဟောင်းတွေကို ဖတ်ကြည့်ရင်လည်းသိနိုင်ပါတယ်။ ၁၉၆၃ ခုနှစ်ဦနေဝင်းကနေ အခုဦးသန်းရွှေ (နောက်ကွယ်က စီမံနေသူ) အထိ မြန်မာတပ်မတော်ဟာ ပြည့်သူချဉ်ဖတ်၊ကမ္ဘာ့ချဉ်ဖတ်ဖြစ်ခဲ့ပါတယ်။ မြန်မာတွေလည်း ကမ္ဘာအနှံ့ကို မျက်နာသငယ်လေးတွေနဲ့ အကြောင်းမျိုးမျိုးကြောင့် ထွက်သွားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်က အပြောင်းအလဲလေးကြောင့် ကမ္ဘာမှာ မြန်မာနည်းနည်းလေးပွင့်လာတာပဲ့ရှိသေးတယ်...အခုဆက်ပြီး အပြောင်းအလဲမလုပ်ချင်တော့သလိုလို လုပ်နေပြန်တယ်။ ပြည်သူတွေအချင်းချင်း ဘာသာရေး၊ လူမျိုးရေးပြသနာတွေနဲ့လုံးထွေးနေစေချင်တယ်။ သူများနိုင်ငံတွေလို တတိုင်းပြည်လုံးကောင်းအောင်လုပ်နိုင်မယ့် ဥပဒေတွေ၊ စီမံခန့်ခွဲမှုတွေ၊ တရားမျှတမှုတွေ အတွက် ပြု ပြင်ပြောင်းလဲမှုတွေကို မလုပ်ချင်တော့သလိုလိုလုပ်နေပြန်တယ်။ စစ်တပ်က ထာဝရ အုပ်ချုပ်သွားမယ်ဆိုတဲ့ အခြေခံဥပဒေအတိုင်းသွားချင်နေပုံရပါတယ်။ ဒါပေမဲ့ အခုမြန်မာတွေရဲ့နိုင်ငံအတွက်နိုးကြားမှုတွေ၊ လက်နက်ကိုင်တွေအပါအဝင်တိုင်းရင်းသားတွေအားလုံး နဲ့ တစ်ခုတည်းသောစစ်မှန်တဲ့ ဒီမိုကရေစီကို သတိရှိရှိနဲ့အာရုံစိုက်ပြီးလုပ်ဆောင်မယ်ဆို နှစ်ပေါင်း၅၀ကျော် ဆုံးရှုံးနေတဲ့ မြန်မာ့ဒီမိုကရေစီနိုင်ငံ ကို ပြန်ရမှာပါ။ မြန်မာ့တပ်မတော်ထဲက နှလုံးသားလှတဲ့ သမိုင်းက ရေးထိုးသွားချင်တဲ့ သူရဲကောင်းတွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ချစ်ခင်မှုကိလည်းပြန်ရမှာပါ။တပ်မတော်ရဲ့ သိက္ခာကိုလည်းပြန်ရမှာပါ။ တိုင်းရင်သားတွေ အားလုံးလည်းပါဝင်တဲ့ တနိုင်င်ငံလုံးမှာ တစ်ခုတည်းသော ရှိသင့်သော မြန်မာတပ်မတော်ကြီးလည်းဖြစ်လာမှာပါ။ ပြည်သူတွေလည်း ဒီမိုကရေစီနိုင်ငံရဲ့ထုံးစံအတိုင်း အလှည်းအကျ စစ်မှုထမ်းကြရင်း ဘယ်လောက်ပျော်စရာကောင်းလိုက်တဲ့ တိုင်းပြည်လဲ။ အားလုံးညီညွတ်ရင်ဖန်တီးနိုင်ပါတယ်။ သူတို့လည်း အဲဒီလိုပဲ့ ဖန်းတီးထားတာပါ။

Dawnmanhon( ဒေါင်းမာန်ဟုန်)