ရွှေတိဂုံပုံတူကိတ်မုန့်လှီးခဲ့သည့် မြန်မာသံအမတ်ကို သာသနာရေးဝန်ကြီးဌာန ကန့်ကွက်

ပို့စ်တင်ချိန် - 5/10/2014 02:59:00 PM


ဂျာမနီနိုင်ငံမှ Condor လေကြောင်းလိုင်းဖွင့်ပွဲတွင် ရွှေ တိဂုံစေတီပုံတူကိတ်မုန့်လှီးဖြတ် ခဲ့သည့်အပြုအမူနှင့် ယင်းကိစ္စတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ် တို့အား ကန့်ကွက်လွှာ ပေးပို့ထား ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ဥရောပသို့ တိုက်ရိုက်ပြေးဆွဲမည့် အဆိုပါ လေကြောင်းဖွင့်ပွဲအခမ်းအနား တွင် ရွှေတိဂုံစေတီပုံတူကိတ်မုန့် အားလှီးဖြတ်ကာ အခမ်းအနားဖွင့် လှစ်ခဲ့ခြင်းသတင်းကို ဧ...ပြီ ၂၅ ရက်က ရဲရင့်ငယ် (ကနေဒါ)အမည်ဖြင့် အင်တာနက်တွင် လွှင့် တင်ခဲ့ကြောင်း ဧပြီ ၃၀ ရက်က ထုတ်ပြန်သော သာသနာရေးဝန် ကြီးရုံးမှ ကန့်ကွက်လွှာတွင် ဖော် ပြထားသည်။

သီရိလင်္ကာနိုင်ငံသို့ အလည် အပတ်ရောက်ရှိလာသော ဗြိတိန် နိုင်ငံသူတစ်ဦး၏ လက်မောင်း တွင် ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ကြောင်ထိုးထားသဖြင့် ပြည်ဝင် ခွင့်ပိတ်ကာ ပြည်နှင်ဒဏ်ပေးခဲ့ ခြင်းသည် အဆိုပါနိုင်ငံ၏ ဗုဒ္ဓ အပေါ် ကြည်ညိုအလေးထားမှုကို ပြသခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့သော ကန့်ကွက်လွှာတွင် ဖော်ပြထား သည်။

‘‘ဒီကိစ္စက ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ ကမ္ဘာ ကျော်စေတီတော်တစ်ဆူကို စော် ကားတဲ့အပြုအမူဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက တစ် ဆင့် ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားစွဲဆိုတာ တွေဘာတွေတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။ တာဝန်ရှိတဲ့ ဝန် ကြီးဌာနတစ်ခုအနေနဲ့ ဘာသာ၊ သာသနာကို စော်ကားတဲ့အပြု အမူတွေရှိရင် ဒီလိုပဲကန့်ကွက်ရ မှာဖြစ်ပါတယ်’’ဟု သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

၉၆၉ တရားများဟောပြော သူ ဦးဝီရသူအား အကြမ်းဖက် သမားအဖြစ် တိုင်း(မ်)မဂ္ဂဇင်းတွင် ဖော်ပြစဉ်ကလည်း သာသနာရေး ဝန်ကြီးဌာနက ကန့်ကွက်မှုပြုလုပ် ခဲ့သည်။

ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက် မှုအချို့သည် လက်ရှိတည်ဆဲ ဥပဒေဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅(က)နှင့် ငြိစွန်း သဖြင့် တရားစွဲဆိုအရေးယူမှုပြု လုပ်နိုင်ကြောင်း ဥပဒေပညာရှင် အချို့က ဆိုသည်။
ဖော်ပြပါပုဒ်မတွင် မြန်မာ နိုင်ငံ၌ နေထိုင်သော လူတစ်စု ၏ ဘာသာရေးစိတ်ကို နာကြည်း စေရန် တမင်မသမာသောအကြံ ဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ် စေ၊ စာဖြင့်ဖြစ်စေ၊

ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ ထိုလူတစ် စုကိုးကွယ်သည့်ဘာသာ၊ သာသ နာကိုသော်လည်းကောင်း၊ ဘာ သာ၊ သာသနာရေး ယုံကြည်မှုကို သော်လည်းကောင်း၊ စော်ကား လျှင် သို့တည်းမဟုတ် စော်ကား ရန်အားထုတ်လျှင် ထိုသူကို ၂ နှစ် ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြ ထားသည်။

7Day Daily