လယ်ထွန်စက်စီးပြီး ရိုးရာမပျက် ဘောလုံးပွဲလာကြည့်တဲ့ ဂူအင်ဂမ့်ပရိသတ်တွေ

ပို့စ်တင်ချိန် - 5/04/2014 07:12:00 AM





တနင်္ဂနွေနေ့နံနက် ကစားမည့် ပြင်သစ်ရှုံးထွက်(အက်ဖ်အေ)ဖလား ဗိုလ်လုပွဲကို လာအားပေးတဲ့ ဂူအင်ဂမ့်အသင်း ပရိသတ်တွေ ခရီးထွက်တဲ့ ဖက်ရှင်ကတော့ လက်ဖျားခါလောက်ပါတယ်။ ဂူအင်ဂမ့်အသင်းဟာ ပြင်သစ်အနောက်မြောက် ဒေသက
ကျောမွဲလယ်သမားမျိုးရိုးက ဆင်းသက်လာတဲ့ ဘောလုံးအသင်းဖြစ်ပြီး သူတို့ကို ချစ်စနိုးခေါ်ကြတာက လယ်သမားတွေပါတဲ့။

သူတို့အသင်းရဲ့ ဓလေ့ထုံးစံ မပျောက်ပျက်စေရေးအတွက် အသင်းပရိသတ်တွေဟာ ရန်းနက်စ်နဲ့ ကစားမယ့် ပြင်သစ်ရှုံးထွက်ဖလားပွဲစဉ်ကို လယ်ထွန်စက်တွေ စီးပြီး လာအားပေးခဲ့ပါတယ်။ ပဲရစ်မြို့ကို ရောက်ဖို့ ကားနဲ့သွားရင် (၄)နာရီခွဲလောက်ပဲ ကြာပေမယ့် လက်ထွန်စက်နဲ့ လာခဲ့ရတာကြောင့် ဂူအင်ဂမ့် ပရိသတ်တွေ လမ်းမှာတစ်ညအိပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

@z (ရိုးရာလေး)