၂၀၁၁ တုန်းက ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခု

ပို့စ်တင်ချိန် - 5/10/2014 03:59:00 PM


လီသူယေးနီယားနိုင်ငံ မြို့တော် Vilnius မှာ ဇိမ်ခံကားပိုင်ရှင်တွေဟာ သူတို့ရဲ့ကားတွေကို ဥပဒေမဲ့ ရပ်နေကြပါတယ်။ ဒါကို ဒေါသထွက်နေတာက မြို့တော်ဝန် Arturas Zuokas (ကားပေါ်ရှိကုတ်အင်္ကျီနဲ့လူ)ပါ။


တဖြည်းဖြည်းနဲ့ ဒီလို ရပ်တာဟာ အကျင့်ဖြစ်လာပါတယ်။ ဒေါသထွက်နေတဲ့ မြို့တော်ဝန်ဟာ ဒီအလေ့အကျင့်ကို ဖယ်ရှားဖို့ ရုရှားတင့်ကားတွေသုံးပြီး ပုံပါအတိုင်း ရှုင်းလင်းရေး လုပ်ပါတော့တယ်။
မြို့တော်ဝန်ရဲ့ စကားလေးကိုလည်း နားထောင်ကြည့်ပါဦး


“ဈေးကြီးတဲ့ကားကြီးတွေ ပိုင်တဲ့လူတွေကို ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ဂ်ျက စက်ဘီးစီးသူတွေနဲ့ လမ်းလျှောက်သူတွေကို ဂရုမစိုက်ဘဲ ကိုယ်ကြိုက်တဲ့နေရာမှာ ကြိုက်သလို ရပ်လို့မရဘူးဆိုတာပဲ။ ဒါက လေးစားမှု မရှိကြောင်း ပြတာပဲ။ သည်းမခံနိုင်ဘူး”

“သေချာပါတယ် ခင်ဗျားတို့ကတော့ ကျွန်တော့် အလုပ်ကို ရယ်ချင်လိမ့်မယ်။ ကျွန်တော်တွေးတာက ဥပဒေမဲ့ကားရပ်ခြင်းကို တိုက်ဖျက်ရာမှာ မြို့က တက်တက်ကြွကြွရှိဖို့ ရည်ရွယ်ထားတာကို အာရုံစိုက်လာကြမယ့် နည်းလမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ၄င်းက ပြောကြားခဲ့ပါတယ်။


ဖိုးသူတော်