ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်း တွေ့ရှိ

ပို့စ်တင်ချိန် - 5/17/2014 07:40:00 PM

ပေ ၁၃၀ ရှည်ပြီး၊ အမြင့် ၆၅ ပေ ရှိမယ်လို့ ခန့်မှန်း

ကမ္ဘာ့ မြေပေါ်မှာ သက်ရှိ ထင်ရှား ရှိခဲ့ဖူးတဲ့ အကြီးဆုံး သတ္တဝါလို့ ယူဆ ရတဲ့ ဒိုင်နိုဆော တကောင်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကို အာဂျင်တီးနား နိုင်ငံမှာ ရှေးဟောင်း သိပ္ပံ ပညာရှင် တွေက တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။


လူ့အရပ်ထက် မြင့်တဲ့ ပေါင်ရိုးတွေ အပေါ် အခြေခံပြီး တွက်ချက်မှု တွေအရ ဒီ ဒိုင်နိုဆောဟာ ပေ ၁၃၀ ရှည်ပြီး၊ အမြင့် ၆၅ ပေ ရှိမယ်လို့ ခန့်မှန်း ရပါတယ်။

အလေးချိန် အားဖြင့် အာဖရိက ဆင် ၁၄ ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှမယ့် ၇၇ တန် ရှိမယ်လို့ ယူဆရ ပါတယ်။

လည်ပင်းနဲ့ အမြီးရှည်လျားတဲ့ ဒီ ဒိုင်နိုဆော အမျိုး အစား အတွက် နာမည်တော့ မသတ်မှတ် ရေသေး ပါတယ်။

ဒါပေမယ့် သတ္တဝါဟာ Titanasaurs အမျိုး အစား အုပ်စုမှာ ပါဝင် တယ်လို့ ဆိုပါတယ်။



bbc burmese