နေပြည်တော် အက်ဖ်စီနည်းပြ ဦးမျိုးလှိုင်ဝင်းနှင့်တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 5/12/2014 01:50:00 PM




 ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ဝေဖန်ခံရလို့ မဆန်းတော့ပါဘူး

မေး- တက္ကသိုလ်ချန်ပီယံလိဂ်ပြိုင်ပွဲဖွင့်ပွဲမှာ ဖလားကိုင်မြှောက်သယ်ယူပေးခဲ့ တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တယ်။ ဒီလိုဝေဖန်ခဲ့တာကြောင့် နေရှင်နယ် လိဂ်ရဲ့ထိပ်တန်းအသင်းတစ်သင်းက အုပ်ချုပ်သူဦးဇော်မြင့် ရာထူးကနုတ် ထွက်ပေးခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုမျိုးယူဆမိပါသလဲ။

ဖြေ- ကျွန်တော်ငယ်စဉ်က ရှေ့တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ရှေ့တန်းကစားသမားဆိုပေမယ့် ဂိုးမသွင်းနိုင်တဲ့အခါတွေရှိတယ်။ ဒီအခါ တွေမှာ ပရိသတ်တွေရော၊ မီဒီယာကရော ဝေဖန်တာတွေကြုံခဲ့ဖူးတယ်။ အဲဒီ အချိန်တုန်းကလည်း ပြန်ပြီးတုံ့ပြန်ခဲ့တာမျိုးမလုပ်ခဲ့ဘူး။ ဥပမာအနေနဲ့ပြော ရရင် ကမ္ဘာ့ဖလားလိုပြိုင်ပွဲကြီးမှာဆိုရင် ပီလီ၊ ရော်နယ်ဒိုတို့လို ဂန္ထဝင်ကစား သမားတွေကို ဗာဘျေိသမ ခန့်အပ်ပြီး ပြိုင်ပွဲကို စိတ်ဝင်စားအောင်လုပ်တယ်။ ဒီကစားသမားတွေဆိုရင်လည်း ဘွဲ့ရချင်မှရမယ်။ံငှါ့ခ့သသူ ဖြစ်ချင်မှဖြစ် မယ်။ ခန့်အပ်တဲ့လူတွေကလည်း ဒီဂန္ထဝင်ကစားသမားတွေရဲ့ ပညာအရည် အချင်းကို ကြည့်ခဲ့ကြတာမဟုတ်ပါဘူး။ အခုလည်း ဘောလုံးနဲ့ဆိုင်တာကို ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့သူက ပေးတာပါ။ အကယ်ဒမီပေးပွဲကို ဘော လုံးသမားတစ်ယောက်က ဆုတက်ပေးတာမျိုးဆိုရင် ပြောလို့ ဝေဖန်လို့ရမယ်။ အခုက ကိုယ့်နိုင်ငံရဲ့ ဘောလုံးလောကအတွက် ဘယ်လောက်လုပ်ပေးခဲ့သလဲ ဆိုတာနဲ့ တိုင်းတာသင့်တယ်၊ ကြည့်သင့်တယ်။ ကျွန်တော့်အပေါ် ပညာအရည် အချင်းနဲ့တိုင်းတာပြီး ပြောဆိုဝေဖန်ကြတဲ့အပေါ်ကို ဘာမှမတုံ့ပြန်လိုဘူး။ အရင်ကလိုပဲ မတုံ့ပြန်ဘဲ ကိုယ့်အလုပ်ကိုပဲ လုပ်နေမှာပါ။

မေး- တက္ကသိုလ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားယူဆောင်လာပေးတာနဲ့ ပတ် သက်လို့ ပြောပြပေးနိုင်မလား။

ဖြေ- တက္ကသိုလ်ချန်ပီယံလိဂ်ပြိုင်ပွဲကို မနှစ်ကစ လုပ်တယ်။ ဒီပြိုင်ပွဲလေးက မနှစ်ကဆိုလည်း အောင်မြင်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ဒီပြိုင်ပွဲကော် မတီက တလေးတစားနဲ့ဖိတ်ကြားခဲ့တာကြောင့် ကျွန်တော် ဆုဖလားယူဆောင် ပေးခဲ့ရတာပါ။ ကျွန်တော်က ဒီလိုပွဲပေါ် ဆုဖလားယူဆောင်ပေးတဲ့အပေါ် တော်တော်များများက ဝေဖန်ကြတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကျောင်းသား ပွဲတွေကနေ ဝင်ပြိုင်ပြီးမှ လက်ရွေးစင်အဆင့်ကို ဖြတ်ကျော်လာနိုင်ခဲ့တာဖြစ် တယ်။ ကျောင်းသားကနေ လူငယ်လက်ရွေးစင် ဒီကနေမှ လက်ရွေးစင်ထပ် ဖြစ်တယ်။ ဒါကြောင့် ဟိုအရင်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတွေ မရှိခဲ့ရဘူး။ အခုမှာကျတော့ တက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲမှာ ဝင်ရောက်ကူညီပေးခဲ့တဲ့အပေါ် ဝေဖန်ခဲ့တယ်။ ကျွန်တော်ကစား သမားဘဝမှာရော နည်းပြဘဝမှာပါ ဝေဖန်ခံရလို့ မဆန်းတော့ပါဘူး။ ဒီအတွက် လည်း ဘာမှမပြောလိုဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဒီလိုပြိုင်ပွဲလေးလုပ်တာက မြန်မာ့ ဘောလုံးအနာဂတ်အတွက် ကောင်းပါတယ်။ ဒီလိုပြိုင်ပွဲမျိုးတွေက ရှိလည်း ရှိသင့်ပါတယ်။ အခုလို တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲမျိုးမှာ ဝင်ပြီးကူညီခွင့်ရလို့ ပီတိဖြစ်မိတယ်။

မေး- ဒီပြိုင်ပွဲပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမျိုးကူညီပေးချင်ပါသလဲ။

ဖြေ - အရင်တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲတွေတုန်းက တက္ကသိုလ်လက်ရွေးစင် တွေ ထွက်ပေါ်လာခဲ့တာတွေရှိတယ်။ မြန်မာ့လက်ရွေးစင်အဖြစ် ထွက်ပေါ် လာခဲ့တာ အများကြီးရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာဆိုရင်လည်း ကိုယ့်ထက်စီမံခန့်ခွဲ တာ ကောင်းတဲ့လူတွေရှိပါတယ်။ ကျွန်တော့်ဘက်ကလည်း သူတို့လိုအပ်တဲ့ အပိုင်းတွေကို ကူညီခွင့်ရမယ်ဆိုရင် ကူညီပေးဖို့အသင့်ပါပဲ။ ကိုယ့်အနေနဲ့ အခုလိုပွဲမျိုးတင် မကပါဘူး။ ရပ်ကွက်ပွဲ၊ မြို့နယ်ပွဲဆိုရင်လည်း ပါဝင်ကူညီဖို့ အသင့်ပါပဲ။ ကျေးလက်ဒေသတွေလည်း သွားနေတာဖြစ်လို့ ဘယ်လိုနေရာ မျိုးပဲဖြစ်ဖြစ် ကျွန်တော်ဘက်က ပါဝင်ကူညီပေးဖို့ အသင့်ပါပဲ။
ဟုတ်ကဲ့။ အခုလိုဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈

Yangon Media Group