တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်း အတွက် အဆောက် အအုံများလိုအပ်

ပို့စ်တင်ချိန် - 5/10/2014 12:31:00 PM


ရန်ကုန်၊ မေ ၉ - တပ်မတော်နှင့် ကေအိုင်အေတို့အကြားဖြစ်ပွားနေ သည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အဆောက်အအုံများမလုံလောက်မှု နှင့် ရှိပြီးသားအဆောက်အအုံများခိုင် ခံ့မှုလျော့နည်းလာခြင်းတို့ကြောင့် ဒုက္ခ သည်များ နေစရာအခက်အခဲဖြစ်နေ ကြကြောင်း ဒုက္ခသည်များကူညီစောင့် ရှောက်ပေးနေသည့် လူမှုအဖွဲ့အစည်း များထံမှ သိရသည်။

အဖြူရောင်တွဲလက်များအဖွဲ့ မှ ဒေါ်ဖြူအိသိမ်းက''တိုက်ပွဲတွေဆက် တိုက်ဖြစ်နေတဲ့အတွက် ဒုက္ခသည် စခန်းတွေမှာ လူတွေထပ်တိုးလာ တယ်။ စခန်းတွေမှာ ဒုက္ခသည်တွေ တိုးလာတဲ့အတွက် နေစရာနေရာ လုံ လောက်မှုမရှိတာတွေ ကြုံတွေ့နေရ တယ်။ ယူအင်န်ကပေးတဲ့ တဲတွေက မြေစိုက်တွေဖြစ်တဲ့အတွက် မိုးရာသီ ဆိုအဆင်မပြေနိုင်ဘူး''ဟု ပြောကြား သည်။

ကချင်ပြည်နယ်တွင် လဂတ်ယန်၊ မန်ဝိန်းကြီး၊ ရှမ်းပြည်နယ်ဘက်ခြမ်း တွင် နမ့်ခမ်းတို့တွင်တိုက်ပွဲများဖြစ် ပွားနေသည့်အတွက် လဂတ်ယန် ဒုက္ခသည်စခန်းနှင့် အနီးရွာ ၁၃ရွာမှ ပြည်သူများမှ မန်ဝိန်းကြီးရှိကက်သလစ် ဘုရားရှိခိုးကျောင်းမှ ဖွင့်ထားသည့် စခန်း၊ ကချင်နှစ်ခြင်းအသင်းတော်မှ ဖွင့်လှစ်ထားသည့် စခန်းနှင့် ရှမ်းပြည် နယ်နမ့်ခမ်း(ဂျော်)စခန်း၊ အထက(၂) ကျောင်းမှဖွင့်လှစ်သော စခန်းများသို့ ပြောင်းရွှေ့ခြင်းများရှိကြောင်း သိရ သည်။

ဒေါ်ဖြူအိသိမ်းက ''စခန်းတွေ မှာ နဂိုက လူ ၈၀ဝပဲရှိတာ။ ရွာ ၁၃ ရွာက ပြောင်းပြေးလာကြတော့ နေ စရာ မလုံလောက်ဖြစ်တယ်။ မန်ဝိန်း ကြီးက စခန်းနှစ်ခုပေါင်း လူသုံးထောင် ကနေ ငါးထောင်ထိတိုးလာတယ်။ ဒါတောင် ရှမ်းပြည်ဘက်ပြေးသွားတဲ့ သူတွေရှိသေးတယ်''ဟု ပြောသည်။

ဖွင့်လှစ်ထားသည့် စခန်းများ တွင် ဘော်ဒါဆောင်များဖြစ်သည့်အ တွက် မေလဘော်ဒါဆောင်များပြန် ဖွင့်လျှင် ဒုက္ခသည်များအတွက် နေစ ရာအခက်အခဲများဖြစ်ပေါ်နိုင်ကြောင်း၊ ဒုက္ခသည်စခန်းများတွင်လည်း နေ့စဉ် တိုးပွားလာသည့် စစ်ဘေးရှောင်ဒုက္ခ သည်ပြည်သူများ ဒုက္ခအခက်အခဲများ ရင်ဆိုင်နေရကြောင်း အဖြူရောင်တွဲ လက်များအဖွဲ့ပြောပြချက်အရ သိရ သည်။

''မိုးရာသီကရောက်လာပြီ နေစ ရာနေရာတွေက အရင်စစ်ပွဲဖြစ်စဉ် ကာလတုန်းကဆောက်ထားခဲ့တာ တွေ အခုအသစ်ပြန် မဆောက် နိုင်လို့ ခိုင်ခံ့ပြီးလုံခြုံမှုမရှိဘူး။ UN အထောက် အပံ့နဲ့ဝေးတဲ့နေရာတွေ၊ သွားလာဆက် သွယ်ရေးကွာဝေးတဲ့နေ ရာတွေက ဒုက္ခသည်တွေအတွက်လဲ အထောက် အပံ့တွေမရလို့ ဒုက္ခရောက်နေကြ တယ်''ဟု ကချင်ငြိမ်းချမ်းရေးကွန် ရက်မှ ဆက်ဆံညှိနှိုင်းရေးအရာရှိ ဒေါ်ခွန်ဂျာကပြောသည်။

ရှမ်းမြောက်ပိုင်းတွင် တိုင်းရင်း သားလက်နက်ကိုင်နှင့် တပ်မတော် အကြား မေ ၁ ရက်နေ့မှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ကြောင့် မိုင်းမောဘက်မှပြည်သူများ သည် မူဆယ်ရှိဘုရားရှိခိုးကျောင်း တွင် ဒုက္ခသည်စခန်းအဖြစ်ဖွင့်လှစ် နေရပြီး ဧပြီလနောက်ပိုင်းဖြစ်ပွား သည့် တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်ပြည်သူ ၅၀၀ဝခန့်နေစရာ ဒုက္ခရောက်နေရကြောင်း သိရသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပေါ်နေသကဲ့သို့ ကျေးရွာမြို့နယ်များရှိ ပြည်သူ့စစ် အဖွဲ့များ၏ လက်နက်စမ်းသပ်ပစ် ခတ်မှုများကြောင့် ဒေသခံပြည်သူများ အချိန်ပြည့်ကြောက်ရွံ့နေကြရသည့် အတွက် နေရပ်စွန့် ခွာကာ မြို့ကြီး များရှိ ဒုက္ခသည်စခန်းများနှင့် ဆွေမျိုး များထံတွင် ခိုလှုံနေရခြင်းရှိကြောင်း သိရသည်။

တိုက်ပွဲများဆက်တိုက်ဖြစ် ပွားနေမှုများကြောင့် ပြည်သူများကျီး လန့်စာစားနေရကြောင်း၊ နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့များ၏ လူသစ်စု ဆောင်းရေးအတွက် ဒုက္ခသည်စခန်း များတွင် လာရောက်စုဆောင်းခြင်း မရှိသော်လည်း စခန်းပြင်ပရောက် နေ သူများကို စုဆောင်းလေ့ ရှိကြောင်း၊ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် အတွက် မိုးရာသီကာလအကြို တစ် နှစ်စာ ထင်းရှာဖွေရေး အတွက်လည်း အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံအကူအညီပေးရေးအဖွဲ့များ ထံမှ သိရသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ အကြား ၂၀၁၁ခုနှစ် ဇွန်လမှစတင် ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်စခန်း ၄ဝကျော်ခန့်တွင် ဒုက္ခသည်ပြည်သူတစ်သိန်းကျော်ခန့် ရှိကာ ယနေ့အချိန်အထိ မိမိနေရပ် သို့မပြန်နိုင်သေးကြောင်း ဒုက္ခသည် များအကူအညီပေးနေသည့် အဖွဲ့အ စည်းများထံမှ သိရသည်။



Yangon Media Group