ရေခဲသေတ္တာထဲမှာ မထားသင့်တဲ့ အစာ၁၀မျိုး

ပို့စ်တင်ချိန် - 5/09/2014 03:26:00 PM



ခရမ်းချဉ်သီး

ခရမ်းချဉ်သီးရဲ့ အရသာ ပေါ့စေတဲ့အတွက် ရေခဲသေတ္တာထဲမှာ မထားသင့်ပါဘူး။

Basil

ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့အခါ ပိုပြီး ပျက်စီးလွယ်ပါတယ်။ ဒါ့အပြင် သူ့နားက အခြား အစားအသောက်တွေရဲ့ အနံ့ကို စုပ်ယူမှာ ဖြစ်တဲ့အတွက် Basil ကိုစားတဲ့အခါ  နဂိုမွှေးတဲ့ အနံ့ကနေ အနံ့ပေါင်းစုံ ထွက်လာနိုင်ပါတယ်။ သူ့ကိုတော့ ရေသန့်သန့်နဲ့ ခွက်တစ်ခုထဲမှာ ထားတာ ပိုသင့်တော်ပါတယ်။

အာလူး

ရေခဲသေတ္တာထဲမှာ သိမ်းမယ့်အစား အသင့်တော်ဆုံးကတော့ မှောင်တဲ့နေရာ ဥပမာ အံဆွဲ၊ ဗီရိုစတဲ့ ချောင်ကျကျ တစ်နေရာမှာ သိမ်းတာ ပိုသင့်တော်ပါတယ်။

ကြက်သွန်နီ

ရေခဲသေတ္တာထဲမှာ ထားတဲ့အခါ ပိုပြီး ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် သူ့ကိုလည်း အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားတာ ပိုသင့်တော်ပါတယ်။

ထောပတ်သီး

ထောပတ်သီးကို မြန်မြန် မှည့်စေချင်တဲ့ အခါ ရေခဲသေတ္တာထဲမှာ မသိမ်းပါနဲ့။ အဲလိုမှ မဟုတ်ဘဲ ထောပတ်သီး အမှည့်ကို အမှည့်လွန်သွားမှာ စိုးရင်တော့ ရေခဲသေတ္တာမှာ သိမ်းနိုင်ပါတယ်။

ကြက်သွန်ဖြူ

ရေခဲသေတ္တာထဲမှာ ထားတဲ့အခါ ပိုပြီးမြန်မြန် အတက်ထွက်လွယ်ပါတယ်။ ဒါ့ကြောင့် သူ့ကိုလည်း အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းသင့်ပါတယ်။

ပေါင်မုန့်

ရေခဲသေတ္တာထဲမှာ ထားတဲ့ ပေါင်မုန့်ဟာ မြန်မြန်ခြောက်လွယ်ပါတယ်။ ဒါ့ကြောင့် ပေါင်မုန့် လတ်လတ်ဆတ်ဆတ် ကို စိုစိုအိအိလေး စားချင်ရင်တော့ ရေခဲသေတ္တာမှာ သိမ်းခြင်းကို ရှောင်ပါ။ အကယ်၍ ပေါင်မုန့် မှိုတက်မှာ စိုးရင်တော့ ရေခဲသေတ္တာဟာ အကောင်းဆုံး သိမ်းဖို့ နေရာပါပဲ။

သံလွင်ဆီ

ရေခဲသေတ္တာရဲ့ အေးတဲ့ အရှိန်ကြောင့် ထောပတ်လိုမျိုး စေးပြီး ခဲသွားနိုင်တဲ့အတွက် သူ့ကိုလည်း ရေခဲသေတ္တာမှာ မသိမ်းသင့်ပါဘူး။

ကော်ဖီ

အရသာနဲ့ အနံ့ပျက်နိုင်ပါတယ်။ ဒါ့ကြောင့် မှောင်ပြီး အေးတဲ့ နေရာမှာ သိမ်းသင့်ပါတယ်။

ပျားရည်

ပျားရည် အစစ်ဟာ ထာဝရ မပျက်စီးဘဲ တာရှည်ခံတဲ့ အရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေခဲသေတ္တာမလိုပါဘူး။ အကယ်၍ ရေခဲသေတ္တာထဲမှာ ထားပြီး သိမ်းမယ် ဆိုရင်တော့ ခဲသွားနိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။

world myanmar