ရုတ်တရက်သေဆုံးသွားသူ၏ ရုပ်လောင်းအား သဂြုင်္ိဟ်ပြီး တစ်လအကြာတွင် တူးဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်

ပို့စ်တင်ချိန် - 5/22/2014 03:59:00 PM





မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် အသက် (၃၄)နှစ်အရွယ် နိုင်လင်းဆိုသူ အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးခဲ့သဖြင့် မြေမြှုပ်သဂြုင်္ိဟ်ပြီး တစ်လအကြာ၌  ပြန်လည်တူးဖော်စစ်ဆေးရာမှ လူသတ်မှုအဖြစ် ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဧပြီ ၁၆ ရက်က သေဆုံးသွားတာ။ ရုတ်တရက်သေဆုံးပြီး မိသားစုက အလျင်အမြန် မြေမြှုပ် သဂြုင်္ိဟ်ခဲ့တာ။ တစ်လအကြာမှာ မြေမြုပ်သဂြုင်္ိဟ်တာကို စစ်ဆေး တဲ့အခါ   လူသတ်မှုကျူးလွန် ကြောင်း ဖော်ထုတ်အရေးယူနိုင် ခဲ့တာပါ’’ ဟု မုံရွာမြို့ အမှတ်(၂) နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးမှုကို မုံရွာမြို့နယ် အမှတ်(၂) နယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ အဆိုပါ သေဆုံးမှုကို မေလ ၁၆ ရက်ည ၇ နာရီတွင် ရုပ်လောင်းတူးဖော်၍ မှုခင်းဆရာဝန်ကြီးထံ ဆေးစာပေးပို့ပြီးထင်မြင်ချက်တောင်းခံခဲ့ရာမှု သေဆုံးသူ၏ ဦးခေါင်းခွံတွင်ရရှိသောဒဏ်ရာကြောင့် ဦးခေါင်းခွံရိုးကျိုး၍ သွေးယိုစီးသေဆုံးခြင်း ဖြစ်သည်ဟုပြောကြားခဲ့သည်။

မှုခင်းဆရာဝန်ကြီး၏ ဆေး စာအရ စုံစမ်းစစ်ဆေးခဲ့ရာ  ဧပြီ ၁၆ရက်တွင် ယောက်ဖဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး ယောက်ဖက တုတ်ဖြင့် ရိုက်နှက်ခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု  ပေါ်ပေါက်ခဲ့သည်။

7day daily