ခွေးတစ်ကောင်အား တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

ပို့စ်တင်ချိန် - 5/03/2014 10:09:00 AM



အရီဇိုးနားပြည်နယ် Phoenix မြို့မှာ ကလေးတစ်ယောက်ကို ကိုက်ဆွဲခဲ့တဲ့ ခွေးတစ်ကောင်အား တရားသူကြီးက တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

AZ Central ရဲ့ဖော်ပြချက်အရ Milky လို့ခေါ်တဲ့ ဒီခွေးကို သူ့ရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံး ထောင်ထဲမှာနေသွားဖို့ တရားသူကြီး Deborah Griffith ဟာ အင်္ဂါနေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့က ၄ နှစ်အရွယ် Kevin Vicente ဆိုတဲ့ကလေးကို Milky က ကိုက်ဖြတ်ခဲ့တာဖြစ်ပြီး မျက်လုံးတစ်ဝိုက်အရိုးများနဲ့ မေးရိုးများပါ ကျိုးသွားခဲ့တယ် လို့ဆိုပါတယ်။သူကျရမယ့်ထောင်ကိုတော့ ခရိုင်အုပ်ချုပ်ရေးမှုး Joe Arpaio ကိုင်တွယ်နေတဲ့ ထောင်တစ်ခုကနေ တာဝန်ယူကြီးကြပ် သွားမှာဖြစ်ပါတယ်။

သူ့ဘဝတစ်လျှောက်လုံး ထောင်ထဲမှာ ကုန်ဆုံးရမယ့်အပြင် သူ့ရဲ့အစွယ်များကို ဖယ်ရှားပြီး သင်းကွပ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တိရိစ္ဆာန်အခွင့်အရေးအဖွဲ့တွေဟာ Milkyအတွက် လှုံဆော်မှုတွေ ပြုလုပ်နေကြပြီး AZ Centralရဲ့ဖော်ပြချက်အရ အခြားခွေး ၄၅၀နီးပါးကိုလည်း ရက်စက်တဲ့အပြုအမူများအတွက် သင်းကွပ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးပြီလို့ဆိုပါတယ်။


The Mirror Daily