မန်ယူနည်းပြသစ် ကစားသမားသစ်ဝယ်ယူရန် ပေါင်သန်း ၂၀၀ အသုံးပြုခွင့်ရ

ပို့စ်တင်ချိန် - 5/21/2014 07:38:00 PM


မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက နည်းပြသစ် လူးဝစ် ဗန်ဂေါလ်ဟာ တနှစ် လစာငွေ ပေါင် ၆ သန်း ရရှိမှာ ဖြစ်သလို အသင်းအတွက် ကစားသမား ၀ယ်ယူဖို့ ပေါင် သန်း ၂၀၀ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဗန်ဂေါလ် ဂျာမန် လက်ရွေးစင် ခံစစ်မှုး မတ်စ်ဟမ်မဲလ်စ်၊  ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ တိုနီခရူးစ်၊ အာယန်ရော်ဘန်နှင့် တိုက်စစ်မှူး မာရီယို မန်ဇူကစ်နဲ့ ဘာစီလိုနာက ဆက်စ်ဖာ ဘရီဂတ်စ်တို့ကို ကမ်းလှမ်းနိုင်တယ်လို့လည်း သတင်းတွေက ရေးပါတယ်။

သူကို မန်နေဂျာ အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်းက ဂိုးသမားဟောင်း ရှမိုက်ကယ်နဲ့ ဗန်ဒါးဆားတို့က ချီးကျူးလိုက်ပါတယ်။

DVB Burmese