သက်သခင် ရွေးချယ်မယ့် ဘဝ လက်တွဲဖော်

ပို့စ်တင်ချိန် - 5/28/2014 07:38:00 AM


အကယ်ဒမီ ဗန်းကိုင်မှ တစ်ဆင့် အနုပညာလောက ထဲခြေလှမ်း လှမ်းလာသူ တွေထဲမှာ သက်သခင် လည်း ပါဝင်ပါတယ်။ အနုပညာကို တန်ဖိုးထား ဝါသနာ ပါတဲ့အ တွက် အနုပညာ လောကထဲ ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း သက်သခင်က “သက်သခင် ဒီအနုပညာကို ဝါသနာ ပါလွန်းလို့သာ လုပ်တဲ့ အတွက် အောင်မြင်မှု တစ်ခု ရရင်ပဲ ကျေနပ် တာပါ။ ဒါပေမဲ့ ကျဆုံးသွားတဲ့ အခါ နဲ့ ကြုံခဲ့ရင် ခံနိုင်ရည် ရှိအောင်တော့ လေ့ကျင့် ရတာပေါ့။ လွယ်လွယ် လေး နဲ့ရတဲ့ အရာ တစ်ခုက မတည်မြဲဘူး။ ဒါကို နားလည် ရမယ်။ ပေးဆပ်ရ မယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာထက် လူအများ အကျိုးကို သယ်ပိုးနိုင်တဲ့ လူဖြစ်ချင်တယ်။ ဒီထက်ကြိုး စားရဦးမယ်။ ဒီမှာ ရပ်မနေဘဲ ဆက်ကြိုးစားဖို့က ကိုယ့်တာဝန်ပါ။ အားပေးတဲ့ ပရိသတ်တွေရဲ့ မေတ္တာနဲ့ ကြိုးစားဖို့တော့ လိုတယ်” လို့ ပြောပါတယ်။

မင်္ဂလာဆောင်တွေမှာ အပျိုရံ၊ ဗန်းကိုင် အဖြစ် အမြဲတွေ့တဲ့ သက်သခင်ကို ၁၅ဝဝ မေတ္တာနဲ့ ၅၂၈ မေတ္တာအပေါ် ခံစားမှု အတိမ် အနက် အပြင် ချစ်ရေးချစ်ရာ ကိစ္စ ကိုမေးကြည့်တော့ “အချစ်ရေး ကိစ္စဆိုရင်တော့ ဒီအတိုင်းပါပဲ။ အေးအေးဆေးဆေးပဲ။ မင်္ဂလာ သတင်းကတော့ ကြာဦးမယ်။ အချစ်ကိစ္စ ဆိုရင် မဖွဲ့ဆိုတတ် ဘူး။ ၁၅ဝဝ က သက်သခင် အတွက် စိတ်ရှုပ်စရာ ကောင်းတဲ့အရာလို့ ထင်တယ်။ ဒါပေမဲ့ တိကျတဲ့ အဓိပ္ပာယ် မဖွဲ့ဆိုတတ်ဘူး။ ၅၂၈ ကတော့ ကိုယ့်အတွက် အေးချမ်းတယ်။ မိ သားစု နဲ့ရော၊ ပရိသတ်တွေပေးတဲ့ အချစ်ရော ခွန်အားဖြစ်ပါတယ်”လို့ ပြောပါတယ်။

သက်သခင်ရဲ့ဘဝ လက်တွဲဖော်ကို ရွေးချယ်တဲ့ အခါ ဘယ်လိုပုံစံကို အဓိက ရွေးချယ်ဖြစ် မှာလဲလို့ မေးကြည့်တော့ “ဘဝနဲ့ ပတ်သက်တယ် ဆိုတော့ ကံတရားပါပဲ။ ကြိုတင်ပြောလို့ မရပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရွေးချယ်ခဲ့ရင် အနုပညာလောက ထဲက ဖြစ်ချင်ဖြစ်မယ်၊ အပြင်က လူလည်းဖြစ်ချင် ဖြစ်မယ်။ ကြိုမသိနိုင်တဲ့ ကံလို့ ပဲပြောရမယ်။ သက်သခင်လို ချင်တဲ့ ပုံစံ ကတော့ အကျင့် စာရိတ္တ ကောင်းမွန်ပြီး ကိုယ့်အပေါ် ချစ်ပြီး နားလည် ခွင့်လွှတ်ရမယ်။ ဒါဆို ကျေနပ်ပြီ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Myanmar