ကွာခြားမှု အနီးအဝေး

ပို့စ်တင်ချိန် - 5/24/2014 06:26:00 PM



သက္ကရာဇ် ၂၀၉၉ ခုနှစ် ငရဲပြည်မှာပေါ့ကွယ်။ အိုစမာဘင်လာဒင်။ ဆက်ဒမ်ဟူစိန်။ဟစ်တလာ။ ဂဒါဖီနဲ့ မြန်မာပြည်ကို ၁၉၈၈ နောက်ပိုင်း
ေ ချောက်ထဲကျမှာစိုး၍ကယ်တင်ခဲ့သူဆိုလား…ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ရောက်နေပါတယ်။တစ်နေ့….ငရဲမင်းက သူတို့ ကို နည်းနည်းသနားသွားလို့ …
“ဟေ့..ဟိုကောင်တွေ… မင်းတို့ အိမ်ကို ဖုန်း ခေါ်ချင်သလား။ကြိုက်သလောက်ပြောကြ …ပြီးရင်ကျသလောက်ရှင်း” ဆိုပြီး
ဖုန်းဆက်ခွင့်ပေးလိုက်တယ်။

အိုစမာကစပြီးသူ့ မိန်းမတွေဆီကို ဖုန်းဆက်တယ်။ ၃မိနစ်ကြာသွားတယ်။  ဒေါ်လာ၃၀ကျတယ်။ ထုတ်ရှင်းလိုက်တယ်။
ဆက်ဒမ်ဟူစိန်လည်း အိမ်ကိုအလွမ်းသည်တာ ၄ မိနစ်ကြာတယ်။ ဒေါ်လာ၄၀ ကျသင့်လို့ ရှင်းလိုက်တယ်။ ဟစ်တလာလည်း ဂျာမနီကို
လှမ်းဆက်တာ ၅ မိနစ်ဆိုတော့ ဒေါ်လာ ၅၀ရှင်းရပြန်ရော။ကဒါဖီလည်း သူ့မြေးကိုဆက်တာ ၄ မိနစ်ကျော်လို့ ၄၅ဒေါ်လာရှင်းရတယ်။

နောက်ဆုံးမှ မြန်မာပြည်က ပုဂ္ဂိုလ်ကြီးက သူ့ အိမ်ကိုဆက်တယ်။ ဇနီးနဲ့ ဖုန်းအီတာ (၁)နာရီ။ သမီးနဲ့ ပြောတာ (၁) နာရီ။  ဟို…မော်တော်ပီကယ်ကို
တီးတဲ့မြေးနဲ့ပြောတာ အီစီကလီသူငယ်ပြန်တာ (၃)နာရီတောင်ကြာတယ်။စုစုပေါင်းဖုန်းပြောချိန် (၅)နာရီကြာသွားတော့ ငရဲရောက်ဖော်ရောက်ဖက်တွေက
စိတ်ဝင်စားတာပေါ့ ။ ဒီကောင်တော့ ဖုန်းဖိုးနဲ့ နာပြီဆိုပြီး။ပုဂ္ဂိုလ်ကြီးက ငရဲမင်းကို ဘယ်လောက်ကျလည်း မေးတော့ ၁ဒေါ်လာ ကျတယ်တဲ့။
အဲ့ဒီမှာ ဘင်လာဒင်တို့၊ ဟစ်တလာတို့ အုပ်စုက တင်းပါလေရော။ “ကျုပ်တို့ မိနစ်ပိုင်းလေးဆက်တာ၊ကျတော့ ဒေါ်လာ၃၀၊၄၀ ကျတယ်။
ဒီကောင်ကြီး ၅နာရီဆက်တာကျတော့ ၁ ဒေါ်လာပဲကျတယ်။ မတရားဘူး။ ဒါကိုရှင်းပါ” ဆိုပြီး ဆူပူကြတာပေါ့။

“အဲ့ဒီမှာငရဲမင်းက မင်းတို့ တွေ ဘာကြောင်နေတာလဲ။ မင်းတို့ ခေါ်တာ OVER SEAလေ။ သူခေါ်တာ LOCAL CALL ကွ။ သူ့ အိမ်က
တစ်မိသားစုလုံး ဟိုဖက်ခန်းမှာတင်ရှိတယ်တဲ့”

ရဲစတိုင်း

The Myanma Age