မြောက်ဥက္ကလာက ဗိုလ်ချုပ်ကြေးရုပ် ပြန်ပြင်ပြီ

ပို့စ်တင်ချိန် - 5/22/2014 10:34:00 AM

မြောက်ဥက္ကလာပမြို့နယ်တစ်နေရာ - ဓာတ်ပုံ Popular News

ကျော်စွာဝင်း| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်အား ငွေကျပ်သိန်း ၃၀၀ အကုန်ကျခံကာ ပြင်ဆင်နေပြီဖြစ်ကြောင်း ကြေးရုပ်ကို တာဝန်ယူပြင်ဆင်သည့် ဖူးပွင့်စံကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။
“ပြန်လည်ထိန်းသိမ်းရေး လုပ်တာပါ။ ဗိုလ်ချုပ် အတ္တုပ္ပတ္တိကိုလည်း ကြေးရုပ် ပတ်ဝန်းကျင်မှာနံရံကာပြီး နံရံတွေပေါ်မှာ ထပ်ထည့် သွားမှာပါ” ဟု ပြောသည်။

“ဗိုလ်ချုပ်ကြေးရုပ်မှာ မြင်းရုပ်ပုံသဏ္ဌာန် ပီပြင်စေဖို့အတွက် ကြောင်ခြစ်ပုံဖော်မယ်” ဟု ဖူးပွင့်စံကုမ္ပဏီမှ ငှားရမ်းထားသည့် ကြေးရုပ်ပြုပြင်ရေး တာဝန်ယူထားသူ ဦးအေးနိုင်က ပြောသည်။

“ဗိုလ်ချုပ်ရုပ်တုရှိတဲ့နံရံပတ်လည်မှာ ဗိုလ်ချုပ်မိန့်ခွန်းတွေ အတ္တုပ္ပတ္တိတွေထည့် သွင်းဖို့ရှိပါတယ်။ နောက်ရေ ပန်းတွေလည်း ထည့်မယ်။ ရုပ်တုကိုလူတွေ ကိုင်လို့ဆော့လို့ မရအောင် ဘေးပတ်လည်ကို ကာရံထားမှာ ပါ” ဟု ပန်းခြံပြုပြင်ရေးတာဝန်ယူထားသည့် ဖူးပွင့်စံကုမ္ပဏီမန်နေဂျာ ဦးမိုးသီးက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ပြင်ဆင်မှုကို ဧပြီ ၂၈ ရက်က စတင်ခဲ့သည်။ ယခုအခါပန်းခြံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီကလုပ်ဆောင် နေပြီး ပန်းခြံအတွင်း မြေဖို့ရန်အတွက်ပင် သိန်း ၁,၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။

ကန်သာယာပန်းခြံကြီး အဆင့်မြှင့်တင် ရာတွင် ကားပါကင်၊ ဂိမ်းစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင် အစရှိသည်တို့ကိုတည်ဆောက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် အပြီးသတ်လုပ်ဆောင်သွား ရန်စီ စဉ်ထားသည်။ မြောက်ဥက္ကလာပ၊ ကန်သာယာပန်းခြံကို ၁၉၅၀ ကျော်က တည်ဆောက်ခဲ့ပြီး ဗိုလ်ချုပ်ကြေး ရုပ်ကိုမူ ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

Mizzima - News in Burmese