ဓားစာခံ နိုင်ဂျီးရီးယားကျောင်းသူများရှာဖွေရေး အမေရိကန်က ဂြိုဟ်တုများ မောင်းသူမဲ့များကူညီနေပြီ

ပို့စ်တင်ချိန် - 5/14/2014 06:36:00 PM

တောတွင်းတစ်နေရာဝယ် ဟီဂျပ် ခေါင်းမြီးခြုံများဝတ်ဆင်ထားသည့် ဓားစာခံမိန်းကလေးငယ်များကို ဗီဒီယိုဖိုင်ထဲတွင် ယခုကဲ့သို့တွေ့ရသည်



တောင်းဆိုချက်များကိုပြောကြားနေသော အစွန်းရောက် ဘိုကိုဟာရမ် အဖွဲ့ခေါင်းဆောင် အဘူဘေကာရှက်ကူ

ဝါရှင်တန်၊ မေ ၁၃

ကောင်းကင်ဓာတ်ပုံရိုက်ယူနိုင်သည့် ကိရိယာများဖြင့် နိုင်ဂျီးရီးယားပြန်ပေးမှုကို ကူညီနေပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုကဖွင့်ဟပြောကြားသည်။
စီပွားဖြစ်ကောင်းကင်ဓာတ်ပုံရိုက် ဂြိုဟ်တုများကို ပြန်ပေးဆွဲခံရသူများအားရှာဖွေဖော်ထုတ်ရေးတွင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများက ဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်သည်။

ကျောင်းသူများအားပြန်ပေးဆွဲသွားခြင်းကို အကြမ်းဖက်သမားများက ဗီဒီယိုဖိုင်ထုတ်ပြန်လိုက်ပြီးမကြာခင်တွင်ပင် အမေရိကန်အစိုးရဖက်မှ ယခုကဲ့သိုပြောကြားခြင်းဖြစ်သည်။

ပြန်ပေးဆွဲထားသူကျောင်းသူလေးများဗီဒီယိုဖိုင်ကို အစွန်းရောက် ဘိုကိုဟာရမ် အဖွဲ့မှမေ ၁၂ ရက်နေ့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ၁၇ မိနစ်ကြာယင်းဖိုင်ထဲတွင် အစွန်းရောက်အဖွဲ့ခေါင်းဆောင် အဘူဘေကာ ရှက်ကူက တောင်းဆိုချက်များကို မိနစ်အတန်ကြာပြောကြားခဲ့သည်။

ထို့နောက် တောတွင်းတစ်နေရာဝယ် ဟီဂျပ် ခေါင်းမြီးခြုံများဝတ်ဆင်ထားသည့် မိန်းကလေးငယ် တစ်ရာကျော်ခန့်တို့ ၀တ်ပြုဆုတောင်းနေခြင်းကိုပြသထားသည်။ သူတို့အားလုံး ဘာသာကူးပြောင်းသွားကြပြီဖြစ်ကြောင်းကိုလည်း အဘူဘေကာ ရှက်ကူကပြောသေးသည်။

နိုင်ဂျီးရီးယားအစိုးရကဖမ်းဆီးထားသည့် စစ်သွေးကြွများကိုပြန်လွှတ်ပေးမည်ဆိုပါက ယခုပြန်ပေးဆွဲထားသည့် ဓားစာခံကျောင်းသူလေးများကိုလည်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အဘူဘေကာ ရှက်ကူက အဆိုပါဗီဒီယိုဖိုင်တွင်ပြောသည်။

"အဲဒီဓားစာခံကျောင်းသူလေးတွေကို ရှာဖွေဖို့ စီးပွားဖြစ်သုံးတဲ့ ဂြိုလ်တုတွေရယ် မောင်းသူမဲ့လေယာဉ်တွေရယ်ကိုအသုံးပြုပြီး အဖွဲ့တစ်ဖွဲ့နဲ့ကူညီနေပါပြီ။

အဲဒီအတွက် နိုင်ဂျီရီးယားအစိုးရဆီကလဲခွင့်ပြုချက်ရထားပြီးပါပြီ"ဟု အမည်မဖော်လိုသူ အမေရိကန်အစိုးရအရာရှိကြီးတစ်ဦးကပြောပါသည်။
အဆိုပါ ဓားစာခံများကူညီရှာဖွေရေးအဖွဲ့တွင် အမေရိကန် ကျွမ်းကျင်သူ အယောက် ၃၀ မျှပါရှိပြီး၊ အမေရိကန်တပ်မတော်၊ အစိုးရအဖွဲ့နှင့် FBI မှ ကျွမ်းကျင်သူများဖြစ်ကြောင်းသိရသည်။

မောင်းသူမဲ့လေယာဉ်များအသုံးပြုခြင်းနှင့်ပတ်သက်၍မူ မည်သည့်အမျိုးအစားများအသုံးပြုသည်ဆိုခြင်းကို လျှို့ဝှက်ထားပါသည်။
နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ဖက်ရှိ ချီဘွတ်မြို့ကျောင်းမှ ကျောင်းသူ ၃၀၀ ခန့်ကို ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့က ဧပြီလအတွင်းကပြန်ပေးသွားခဲ့ခြင်းဖြစ်ပြီး၊ ၅၃ ဦးကိုမူ ပြန်လွှတ်ပေးခဲ့သည်။ မိမိတို့တောင်းဆိုချက်များမရရှိပါက ကျန်ဓားစာခံများကို ရောင်းစားပစ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုကြသေးသည်။

ref: BBC, VOA
Popular Myanmar News Journal