မင်္ဂလာဆောင်မှာ ၀မ်းကွဲအကို သတ်လို့ သေဆုံးသွားတဲ့ သတို့သမီး

ပို့စ်တင်ချိန် - 5/10/2014 03:18:00 PM


မေလ ၈ရက်နေ့က အိန္ဒိယမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကနေ ထိတ်လန့်စရာကောင်းတဲ့ အမင်္ဂလာပွဲကို ကူးပြောင်းသွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။


Bhopal မြိ့မှာ ကျင်းပတဲ့ မင်္ဂလာဆောင် အခမ်းအနားတစ်ခုမှာ သတို့သမီးဖြစ်သူ အသက် ၂၉နှစ်ရှိ ဒေါက်တာ Jaishri Namdeo နဲ့ သတို့သားဖြစ်သူ ခွဲစိတ်ဆရာဝန် Rohit Namdeo တို့ဟာ မင်္ဂလာ စင်ပေါ်မှာ မတ်တပ်ရပ်နေစဉ် Anurag Singh ဟာ မင်္ဂလာစင်နားကနေ မင်္ဂလာသတို့သမီးကို ရုတ်တရက် သေနတ်နဲ့ ပစ်ခဲ့ပါတယ်။


Anurag ဟာ မင်္ဂလာပွဲကို ဓါတ်ပုံရိုက်မယ့်သူ အဖြစ် တက်ရောက်ခဲ့ပေပြီး သတို့သမီးကို သေနတ်နဲ့ ပစ်ပြီးနောက် သူ့ကိုယ်သူ ပစ်ခဲ့ပေမယ့်လည်း လွဲချော်ခဲ့ပြီး အနီးအနားမှာ ရှိသူတွေက အချိန်မီ လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီနောက် Anurag ကို ရဲတွေ ရောက်လာတဲ့ အချိန်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြပါတယ်။ သတို့သမီးကတော့ ဆေးရုံရောက်တဲ့ အချိန်မှာတော့ သူမရဲ့ လည်ပင်းက သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပြီး သတို့သားကတော့ တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

Anuragကတော့ သတို့သမီး ဖြစ်သူဟာ သူ့ကို လှည့်စားခဲ့လို့ ယခုလို သတ်ရခြင်း ဖြစ်ကြောင်း ရဲများကို ပြောဆိုပါတယ်။ ဒီ့ထက်ပိုပြီး ရှင်းလင်းအောင် မေးမြန်းလို့ မရသေးပေမယ့် ဒါဟာ သေဆုံးသူ သတို့သမီး နဲ့ သူမရဲ့ ၀မ်းကွဲ တော်စပ်သူ Anurag တို့ကြားမှာ မရှင်းလင်းတဲ့ ဆက်နွယ်မှုရှိနိုင်တယ်လို့ ယူဆရပါတယ်။

မှတ်တမ်းတစ်ခုမှာတော့ သူတို့နှစ်ဦးဟာ အရင်က အတူတကွ စာသင်ကြားခဲ့ဖူး တယ်လို့ ပြောပေမယ့် ဒါဟာ မခိုင်လုံသေးပါဘူး။

Bhopal မြိ့ Laighati နားမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြတဲ့ ဧည့်သည်ပေါင်း ရာကျေ်ဟာ ဆေးရုံက သတင်းကို စောင့်မျှော်နေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မျှော်လင့်ချက်ကတော့ ပျက်သုဉ်းသွားခဲ့ပါပြီ။ သတို့သမီး ဖြစ်သူ
ဒေါက်တာ Jaishri Namdeo ဟာ သေဆုံးသွားခဲ့ပြီး Anurag ဟာ သူမကို ဘာကြောင့် သတ်ခဲ့ရတယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

World Myanmar