လုယက်မှုကျူးလွန်ခဲ့သူများအနက် ထွက်ပြေးတိမ်းရှောင်နေသူအား စုံစမ်းဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 5/15/2014 04:06:00 PM




ရန်ကုန်၊ မေ ၁၅

၉.၅.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်နေ ကိုတိုးသည် နေအိမ်မှ မေတ္တာလမ်းထိပ်သို့ ၃/ရန်ပြေရပ်ကွက်၊ မင်းနန္ဒာလမ်းအတိုင်းသွားရောက်ခဲ့ရာ အ.မ.က(၄၃)ကျောင်းရှေ့ရှိ
မှောင်နေသည့်နေရာအရောက် အမည်မသိလူငယ်(၂)ဦးမှ ၎င်းအား တားဆီးပြီး တစ်ဦးမှ ၀မ်းဗိုက်အား ဓါးဖြင့်ထောက်ကာ ငွေတောင်း
သဖြင့်(၂၀၀၀)ကျပ်ပေးခဲ့ရာ အခြားလူငယ်(၁)ဦးမှ လည်ပင်းအား
ညှစ်ပြီး လက်သီးနှင့်ထိုး၊ ခြေထောက်ဖြင့်ကန်ကာ ၎င်းဝတ်ဆင်ထား
သော ဂျင်းဘောင်းဘီနောက် ယာဘက်အိတ်ကပ်အတွင်းမှ
ငွေ(၂၅၀၀၀)ကျပ်ကို လုယူ၍ ထပ်မံထိုးကြိတ်ခံခဲ့သဖြင့် အပေါ်သွား
(၁)ချောင်းကျိုး၊ သွား(၁)ချောင်းနဲ့၊ နဖူး ဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့
ပါသည်။

၁၀.၅.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် ကိုတိုးသည် ၂/တောင်
ရပ်ကွက်၊ သုမနလမ်း၌ ၎င်းထံမှ ငွေများကိုလုယူသွားခဲ့သူ လူငယ်
(၂)ဦးအနက်တစ်ဦးကိုတွေ့ရှိသဖြင့် သာကေတမြို့မရဲစခန်းမှ နယ်ထိန်း
ရဲတပ်ဖွဲ့ဝင်အားအကြောင်းကြားခဲ့ပြီး ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းလူငယ်မှာ ကိုကိုလွင် (၂၂)နှစ်၊ (ဘ)ဦးလှသီ၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်
နေသူဖြစ်ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသူကိုကိုလွင်အားစစ်ဆေးရာ ၎င်းနှင့်အတူပြစ်မှုကျူးလွန်သူမှာ
ပေါက်ပေါက်(ခ)ချစ်စန်းဦး ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့(၂)ဦးကို သာကေတမြို့မရဲစခန်း (ပ)၂၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်ခဲ့ပြီး ချစ်စမ်းဦး(ခ)ပေါက်ပေါက်အားဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်း
ရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် အမှုမှထွက်ပြေးတိမ်းရှောင်နေသည့်
ပြစ်မှုကျူးလွန်သူ ပေါက်ပေါက်(ခ)ချစ်စန်းဦး၊(၂၂)နှစ်၊ (ဘ)ဦးချစ်ထွန်း၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူအား ၁၂.၅.၂၀၁၄ ရက်နေ့
၁၄၃၀ အချိန်တွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်မြတ်ထွန်း
လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ကိုကိုလွင်နှင့် ပေါက်ပေါက်(ခ)ချမ်းစန်းဦးတို့အား
စစ်ဆေးရာ အဆိုပါအမှုကိုကျူးလွန်ခဲ့ ကြောင်းပေါ်ပေါက်သဖြင့် အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Yangon Police