သွားကိုက်၍ ဆေးခန်းလာသူကို အကြောဆေးသွင်းပေးရာမှ ရှော့ဖြစ်သေဆုံး

ပို့စ်တင်ချိန် - 5/02/2014 11:42:00 AM



ဆေးခန်းသို့ သွားကိုက်၍ လာရောက် သူ ဝေဒနာရှင်ကို အကြောဆေးသွင်းပေး ပြီးနောက် ရှော့ဖြစ်ကာ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အမှတ် (၄) ကျောက်ကြီး ရပ်ကွက်ရှိ ဆေးခန်းသို့ သွားကိုက် ဝေဒနာရှင် တစ်ဦးနှင့်အတူ လူနာရှင်တို့ လာရောက်၍ ဆေးဝါး ကုသမှုခံယူခဲ့ရာ ဝေဒနာရှင် ၏ လက်ယာ ဘက်လက်ကို အကြောဆေး ထိုးသွင်း ပေးခဲ့ရာမှ ရှော့ဖြစ်သွားသဖြင့် ဖြေဆေး ထိုးပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ဆရာဝန်ဖြစ်လို့ ဘာလို့ ဆိုတာမျိုး တော့ မရှိပါဘူး။ ဖြစ်စဉ် အပေါ်မူတည်ပြီးတော့ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ကုသမှုကြောင့်ဖြစ်တယ် လို့ ထင်ရှားလို့ရှိရင် အရေးယူခံရမှာပါပဲ ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိတစ်ဦးက မှတ်ချက်ပြုပြောသည်။ သေဆုံးခဲ့သူအား သာစည်မြို့နယ် ဆေးရုံကြီးသို့ ပို့အပ်ထားရှိပြီး၊ PR (၁၃/၂၀၁၄)ဖြင့် လက်ခံထားရှိ၍ သေမှု သေခင်းအမှတ်စဉ် ၄/၂၀၁၄ ဖြင့် အမှုဖွင့်ကာ ရင်ခွဲစစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
The Messenger