မြန်မာကလေးငယ် ၃ ဦး မန်ယူတွင် ဘောလုံးပညာသင်ခွင့်ရမည်

ပို့စ်တင်ချိန် - 5/14/2014 06:43:00 PM




The Asia Tour Ltd နဲ့ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက် ဘောလုံးကမ့်ပ်တို့ရဲ့ အစီအစဉ်အရ မြန်မာကလေးငယ် ၃ ဦးကို အင်္ဂလန်နိုင်ငံက မန်ချက်စတာယူနိုက်တက် ဘောလုံးသင်တန်းကျောင်း
မှာ ဘောလုံးပညာ လေ့လာသင်ယူခွင့်ရမယ့် ဒေါ်လာ ၅၅၀၀ တန် အခွင့်အရေးအတွက် မဲဖောက်ဖို့ ရှိနေပါတယ်။

Manchester-United-Logoဒီအစီအစဉ်ဟာ အများပြည်သူတွေအားလုံးကို လမ်းဖွင့်ဖိတ်ခေါ်ထားတာဖြစ်ပြီး ရန်ကုန်မြို့၊ ပါခ်ရွိုင်ရယ်လ်ဟိုတယ်၊ စနေနေ့ညနေ ၄ နာရီမှာ မဲဖောက်မယ့် အခမ်းအနားကို အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြား မြန်မာကလေးငယ်အားလုံး ပါဝင်ကံစမ်းခွင့် ရှိပါတယ်။

မြန်မာနိုင်ငံမှာ ခုလို ပထမဆုံးအကြိမ် မိတ်ဖက်ကျင်းပတဲ့ အခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသားဘောလုံးအသင်းမှ အသင်းဝင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြား မဲပေါက်မယ့် ကံထူးရှင်တွေကို အင်္ဂလန်နိုင်ငံကို ကုန်ကျစရိတ် အပြည့်အ၀ တာဝန်ယူ ခေါ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ်က စီစဉ်ထားတဲ့ ၁ ပတ်ကြာ အချိန်တိုအတွင်း လေ့ကျင့်သင်ကြားပေးမယ့် ဘောလုံးပညာရပ်တွေကိုလည်း သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် စခန်းသွင်းခရီးစဉ်ကို မဲပေါက် ကံထူးရှင်တွေဟာ နိုင်ငံပေါင်း ၆၀ က တခြားကစားသမားတွေနဲ့အတူ ၁ ပတ်ကြာ အတူလည်ပတ်ခွင့်ရမှာပါ။

သူတို့တွေကို နိုင်ငံတကာနည်းပြတွေက လေ့ကျင့်သင်ကြားပေးမှာလည်း ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်းကြီးဆီ လည်ပတ်နိုင်တဲ့ အခွင့်အရေးလည်း ရကြမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘောလုံးသင်တန်းစခန်းဟာ ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်ရဲ့ တရားဝင် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဌာနခွဲဖြစ်ပါတယ်။

နွေရာသီဘောလုံးသင်တန်းမှာ အင်္ဂလန်နဲ့ ကမ္ဘာတစ်ဝှမ်းမှ ကလေးငယ်တွေ ပါဝင်နိုင်ဖို့ ကမ်းလှမ်းတာဖြစ်ပြီး တသက်မှာတစ်ခါ အခွင့်အရေးအဖြစ် မန်ယူရဲ့ ပုံစံနည်းလမ်းအတိုင်း နေထိုင်၊ သင်ကြား၊ ကစားခွင့်တွေ ရရှိကြမှာဖြစ်ပါတယ်။

DVB TV News