ကဏ္ဍခြောက်ခု အတွက် တိုးတက်အောင် ဆောင်ရွက်နိုင်သူများကို ဒေါ်လာ တစ်သိန်း ထောက်ပံ့မည်

ပို့စ်တင်ချိန် - 5/22/2014 08:59:00 PM


ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည့် Ooredoo Myanmar သည် Idea Box အမည်ရှိ အစီအစဉ်တစ်ခုကို စတင်ခဲ့ကြောင်း ၊  အဆိုပါ အစီအစဉ်အရ ကဏ္ဍခြောက်ခုအတွက် ဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်နိုင်သူများကို ရွေးချယ်သွားမည်ဖြစ်ပြီး  ရွေးချယ်ခံရသူများကို အမေရိကန်ဒေါ်လာ တစ်သိန်းကိုလည်း ထောက်ပံ့ပေးသွားမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

သက်မှတ်ထားသည့် ကဏ္ဍခြောက်ခုမှာ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အမျိုးသမီး အခန်းကဏ္ဍနှင့် payment solutions များအပြင် Government နှင့်  သက်ဆိုင်သည့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အခန်း ကဏ္ဍ များ ဖြစ်သည်။ Idea Box ၏ ထောက်ပံ့မှုကို ရယူလိုပါက ဇွန်လ ၁၃ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်သည်။

Internet Journal