မသီတာထွေး ကွယ်လွန်တာ ၂နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းကြ

ပို့စ်တင်ချိန် - 5/30/2014 12:19:00 PM


ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ မသီတာထွေး ကွယ်လွန်တာ ၂နှစ်ပြည့်တဲ့ အောက်မေ့ဖွယ် ဆုတောင်းမှုကို ရန်ကုန်အပါအဝင် စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲမှာလည်း မေလ ၂၈ရက်နေ့က ကျင်းပခဲ့ပါတယ်။ တည်ငြိမ်နေတဲ့ ပြဿနာကို အစပြန်ပျိုးနေတာမဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ။

ရခိုင်ပဋိပက္ခ တည်ငြိမ်နေတာကို ပြန်ဆူပူအောင် လှုံ့ဆော်တာ မဟုတ်ဘူးလို့ အမျိုးသားရေးဝါဒီ ကိုရဲမင်းဦးက ဆိုပါတယ်။ ဒီပြဿနာတွေဖြစ်ရတာဟာ အစိုးရရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့တွေဟာ လှုံ့ဆော်ခံရသူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

၉၆၉နဲ့တင် အမျိုးဘာသာသာသနာကို မစောင့်ရှောက်နိုင်ဘူးဆိုတာ သိသလို ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေအတွက် ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

မသီတာထွေးလို ဖြစ်ရပ်မျိုး ထပ်ပြီးမဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ရွှေတိဂုံစေတီတော် အရှေ့မုဒ်ကြေးသွန်းဘုရားကြီးနဲ့ ရွှေတိဂုံစေတီတော် အောင်မြေမှာ ပြုလုပ်ခဲ့ပြီး ဆုတောင်မေတ္တာပို့သပြီး အမျှဝေခဲ့ပါတယ်။

Kamayut Media



Kamayut Media