ဟန်းနီးမွန်းမှာ ဇနီးသည်ကို သတ်ခဲ့တဲ့ မီလီယံနာသူဌေး

ပို့စ်တင်ချိန် - 5/04/2014 07:16:00 AM


အသက် ၃၄နှစ်ရှိ Mr. Dewani ကိုတော့ သူရဲ့ ဇနီး Anni Dewani ၂၈ နှစ်ကို အကြမ်းဖက် သတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ လက်ထပ်ထိမ်းမြားခဲ့ပြီး ပျားရည်စမ်းခရီးအတွင်း ဇနီးသည်ကို တက္ကဆီပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေမယ့် လူသတ်သမား နှစ်ဦးကို ငှားရမ်း သတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

တက္ကဆီမောင်းနှင်သူ Zola Tongo ကတော့ ဒါဟာ ကြိုတင် စီစဉ်ထားတဲ့ သတ်ဖြတ်မှု ဖြစ်တယ်လို့ အစစ်ခံပါတယ်။

ဇနီးသည်ရဲ့ လည်ပင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သူမရဲ့ ဖုန်းကို တက္ကဆီပေါ်ကနေ လွင့်ပစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပေမယ့် အမှန်ကတော့ လူသတ်သမား Xolile Mngeni ကနေ ယူဆောင်သွားခဲ့ခြင်း ဖြစ်ပါတယ်။

အသတ်ခံရသူ ဇနီးသည်ရဲ့ ဦးလေးဖြစ်သူကတော့ သူမရဲ့ အစ်ကိုဝမ်းကွဲထံသို့ သူမတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးည အကြောင်း သူမကိုယ်တိုင် text message ပို့ခဲ့ပြီး သူမကျေနပ် ပျော်ရွှင်နေခဲ့တယ်လို့ ပြောဆိုပါတယ်။ သူမရဲ့ Blackberry ဖုန်းကို  ရဲများက ခက်ခက်ခဲခဲ hack လုပ်ပြီးတဲ့နောက်မှာတော့ အခြား အကြောင်းအရာများကို ရယူနိုင်ခြင်း မရှိဘဲ text message များသာ  တွေ့ရှိခဲ့ပါတယ်။

တောင်အာဖရိက အရာရှိတွေကတော့ ခင်ပွန်းဖြစ်သူ မီလီယံနာ သူဌေးဟာ တိတ်တိတ်ပုန်း အခြောက် ဖြစ်နေပြီး သူ့ရဲ့ အိမ်ထောင်ရေးကနေ ဖောက်ထွက်ချင်တဲ့ သဘောရှိတယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇနီးသည် Anni နဲ့  ဆက်သွယ်မှု ရှိပြီးနောက်ပိုင်းမှာ Mr. Dewani ဟာ အသက် ၄၀ အရွယ် အမျိုးသားပြည့်တန်ဆာ တစ်ဦးနဲ့ တွေ့ဆုံနေထိုင်ဖူးတယ်လို့ သိရပါတယ်။

သို့သော်လည်း ရဲများကတော့ သူဟာ ဇနီးသည်ကို မသတ်ပါဘူးလို့ ဆက်လက် ငြင်းဆိုနေပြီး သူဟာ  ဂေးတစ်ယောက်  ဖြစ်ကြောင်းကိုလည်း လုံးဝ ၀န်ခံလိုစိတ် မရျိဘူးလို့ ပြောပါတယ်။ Mr. Dewani  ကတော့ သူဟာ ဂေးမဟုတ်ကြောင်းကို သူချိန်းဆိုတွေ့ဖူးသမျှ အမျိုးသမီးများ အကြောင်းအရာများကို သက်သေထူပြီး ပြောဆိုနေခဲ့ပါတယ်။

ဇနီးသည် Anni ရဲ့ ဖခင်ဖြစ်သူ Vinod Hindocha အသက် ၆၄ နှစ်ကတော့ သူတို့ဟာ မှားယွင်းတဲ့ အိမ်ထောင်ရေးတစ်ခု အတွက် မွန်ဘိုင်းဟိုတယ်မှာ ပေါင် နှစ်သိန်းကျော် အကုန်အကျခံပြီး မင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ကြောင်း ပြောဆိုပါတယ်။


ဒါ့အပြင် သေဆုံးသူ Anni ဟာ သူမနဲ့ Mr. Dewani  တို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ချင်ပြီး သူမတို့ရဲ့ ဇာတ်လမ်းကို အဆုံးသတ် ချင်ကြောင်း ဖခင်ဖြစ်သူက ရဲများကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ Mr. Dewani ပြောင်းလဲလာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ဆုံးမှာ ဖခင်ကို ” အဖေ သူဟာ ဟစ်တလာလို လူစားမျိုး ဖြစ်တယ်။ ဒါပေမယ့် အဖေ စိတ်မပူပါနဲ့။ ကျွန်မသူ့ကို လက်ထပ်ပါမယ်” လို့  ပြောခဲ့ပါတယ်တဲ့။

ဒါ့အပြင် ဗြိတိန်မှာ နေထိုင်သူ Anni ရဲ့ ၀မ်းကွဲအစ်မ ဖြစ်သူ Sneha ထံကိုလည်း မင်္ဂလာပွဲ မတိုင်ခင် ငါးပတ် အကြာက အခုလို စာရေးခဲ့ပါတယ်။

ငါ သူ့ကို လက်မထပ်ချင်ဘူး။ ငါ့ဘ၀တစ်လျှောက်လုံး ပျော်ရွင်ရမှာ မဟုတ်ဘူး။ ပွေ့ဖက်ချင်စိတ်တောင် ဖြစ်မလာတဲ့သူနဲ့  ငါဘယ်လို နေရမလဲလို့ ရေးထားကြောင်း သိရပါတယ်။

နောက် တစ်စောင်မှာလည်း ငါသေလောက်အောင် ငိုချင်တယ်။ငါ နေ့တိုင်းငိုတယ်  လို့ ရေးထားပါတယ်။ မင်္ဂလာပွဲ မတိုင်ခင် တစ်လမှာတော့ ငါသူ့ကို မုန်းတယ်လို့ ဆိုထားပါတယ်။

သူမ မသေဆုံးခင် သုံးရက်အလိုတုံးကလည်း ငါလုံးဝမပျော်ဘူးလို့ ရေးထားပါတယ်။ ဒါ့အပြင် သူမဟာ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ချင်ကြောင်းနဲ့ မင်္ဂလာပွဲကိုလည်း ၃ ကြိမ်တိုင်တိုင် ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။ အဲဒီလို ဖြစ်တဲ့အချိန်တိုင်း ၀မ်းကွဲ အစ်မ Sneha ကလည်း ဖျောင့်ဖျ ခဲ့ရကြောင်း ရဲများကို ပြောဆိုခဲ့ပါတယ်။

တရားရုံးမှာတော့ Mr. Dewani ရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို ရှာဖွေတွေ့ရှိထားပြီး သူဟာ ဇနီးဖြစ်သူကို လူငှားရမ်းပြီး သတ်ဖြတ်ခဲ့ကြောင်း သက်သေခိုင်လုံခဲ့ပါတယ်။ သို့သော်လည်း သူကတော့ ဘယ်လိုမှ ၀န်မခံဘဲ သူဟာ  ယောက်ျားစစ်စစ်  ဖြစ်ကြောင်း ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဟန်းနီးမွန်းထွက်ခဲ့တဲ့ တောင်အာဖရိက ဟိုတယ်မှာ  ဇနီးမောင်နှံကို Anni အသတ်မခံရစဉ် မနက်ပိုင်းမှာ အခုလို ဗွီဒီယိုမှာ တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဗွီဒီယိုကို ဟိုတယ်ရဲ့ CCTV ကနေ ရယူထားခြင်း ဖြစ်ပြီး အဲဒီနေ့ မှာပဲ တက္ကဆီပေါ်မှာ Anni အသတ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။



World-Myanmar News (world-myanmar.com)