ရေသန့်ဘူးအတွင်း ဓာတ်ဆီထည့်ရာမှ အမျိုးသမီးတစ်ဦး မီးလောင်

ပို့စ်တင်ချိန် - 5/01/2014 10:30:00 AM


Author: ဇွဲဉာဏ်

မီးလောင်ကျွမ်းသွားသည့်နေအိမ်ကို မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ် (MOI Webportal Myanmar)
ဟင်္သာတမြို့နယ်ရှိ စက် သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ရေသန့်ဘူးအတွင်းသို့ ဓာတ်ဆီခွဲထည့်ရာမှ အပူရှိန်လွန်ကဲမှုကြောင့် အမျိုးသမီးတစ်ဦး မီးစွဲလောင်ခဲ့ကြောင်း   သတင်းရရှိသည်။

ဧပြီ ၃၀ ရက်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ မီးလောင်မှုကြောင့် ယင်းစက်သုံးဆီဆိုင်အပါအ၀င် ဆေးခန်းတစ်ခန်း မီးလောင်ဆုံး ရှုံးခဲ့သည်။  ရေသန့်ဘူးအတွင်း ဓာတ်ဆီခွဲထည့်ခဲ့သည့် အမျိုးသမီးမှာ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း  ဟင်္သာတမြို့နယ် မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

  မီးလောင်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး၏ သုံးနှစ်အ ရွယ်ကလေးကို မီးငြှိမ်းသတ်သူ တစ်ဦးက ကယ်တင်ခဲ့သော ကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 ယင်းမီးလောင်မှုနှင့် ပတ်သက်၍  မီးစတင်လောင်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day daily