ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့် ရာထူးမှနုတ်ထွက်ခဲ့

ပို့စ်တင်ချိန် - 5/10/2014 06:33:00 PM

ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်းဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံဆုဖလား ယူဆောင်လာစဉ်

 ၂၀၁၄ တက္ကသိုလ်ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ ချန်ပီယံ ဆုဖလားအား နေပြည်တော် ဘောလုံးအ သင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်း သယ်ယူမှုအပေါ် ဝေဖန်ခဲ့မှုကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့်ဟာ ရာထူးမှနုတ်ထွက်ခဲ့ ရတယ်လို့ သိရပါတယ်။
"ကျွန်တော်က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာပါ။ နုတ်ထွက်ခဲ့ရတာကို ၀မ်းမနည်းပါဘူး၊ တက္ကသိုလ် ဘောလုံးသမားတွေ သယ်တာပဲ ဖြစ်သင့်တယ်ထင်ပါတယ်"လို့ ဦးဇော်မြင့်ကပြောပါတယ်။

Author မြင့်ဟိန်း