ဟုမ္မလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးဆိုင်ရာ ပြသနာများ ကျယ်ပြန့်လာသည့်အတွက် နေပြည်တော် မူးယစ် တပ်ဖွဲ့စုများမှသွားရောက် နှိမ်နင်း

ပို့စ်တင်ချိန် - 5/29/2014 11:06:00 AM


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ မေ ၂၈
တစ်နေ့တခြား မှုးယစ်ဆေးဝါးဆိုင်ရာ ပြသနာကိစ္စရပ်များ ကျယ်ပြန့်စပြုလာသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်သို့ နေပြည်တော် မူးယစ်တပ်ဖွဲ့စုများမှ သွားရောက်၍ မူးယစ်ဆေးဝါး ကိစ္စရပ် များအား နှိမ်နင်းလျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရရုံးမှ သိရသည်။
နေပြည်တော် မူးယစ်တပ်ဖွဲ့စုများနှင့် ဒေသဆိုင်ရာ မူးယစ်တပ်ဖွဲ့စုများ ပူးပေါင်းနှိမ်းနင်းခဲ့သည့်အတွက် လည်း မေလ ၂၇ ရက်နေ့၊ တစ်ရပ်တည်းမှာပင် ဟုမ္မလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးဆိုင်ရာ အမှုအခင်း ပေါင်း(၄)မှုကို ထိုအဖွဲ့က ဖော်ထုတ်နိုင်နှိမ်းနင်းနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါ မူးယစ်ဆေးဝါးဆိုင်ရာ ဖမ်းဆီးခြင်း မှတ်တမ်းများအရ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာနေ မကြည်ကြည်မြင့်နေအိမ်မှ ဘိန်းဖြူအလေးချိန် (၈ ဒသမ ၃) ဂရမ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်၌ ဆက်နွယ်သည့် အိမ်ရှင် မကြည်ကြည်မြင့် အပါအ၀င် လူ(၇)ဦးအားလည်းကောင်း၊ နမ့်တောကျေးရွာနေ ကိုအောင်အောင် ဆိုသူ၏နေအိမ်မှ ဘိန်းဖြူအလေးချိန် ( ၀ ဒသမ ၀၂ ) ဂရမ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်၌ ဆက်နွယ်သည့် အိမ်ရှင် ကိုအောင်အောင် အပါအ၀င် လူ(၂ )ဦးအားလည်းကောင်း၊ ဟုမ္မလင်းမြို့ နယ်၊ နောင်ပိုအောင်ကျေး ရွာနေ ဦးသန်းဇော်ဦး နေအိမ်မှ ဘိန်းဖြူအလေးချိန်( ၁၃ ဒသမ ၀၀၁) ဂရမ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်၌ ဆက်နွယ်သည့် အိမ်ရှင် ဦးသန်းဇော်ဦး အပါအ၀င် လူ(၂ )ဦးအားလည်း ကောင်း၊ ဟုမ္မလင်းမြို့နယ် အောင်သာငြိမ်းကျေးရွာနှင့် မြောက်ကုန်းကျေးရွာအကြား လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူ ဦးအိုက်လွင် ဆိုသူအား အရှောင်တခင်စစ်ဆေးရာတွင် ထိုသူထံမှ ဘိန်းစိမ်းအလေး ချိန်( ၄၃၆ ဒသမ ၃၃) ဂရမ်းအားလည်းကောင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
“ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ဟုမ္မလင်းမြို့မရဲစခန်းနဲ့ မိုင်းကိုင်းနယ်မြေရဲစခန်းမှာ မူးယစ်ပုဒ်မ တွေနဲ့ အသီးသီး အမှုဖွင့်အရေးယူထားပါတယ်…” ဟု မူးယစ်တပ်ဖွဲ့စု အမှတ်(၉) တပ်ဖွဲ့စုမှ မူးယစ်ရဲအရာရှိ တစ်ဦးမှ ပြောပြသည်။
ယခုနှစ် ဧပြီလ နောက်ဆုံးအပတ်ခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ၀င်းခေါင် သည် ဟုမ္မလင်းမြို့သို့ အလည်အပတ်သွားရောက်ကာ ဒေသတွင် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို ဒေသခံပြည်သူလူထုများ ပူးပေါင်းပါဝင်လျက် ဖော်ထုတ်နှိမ်နင်းသွားရန် လမ်းညွှန်ပြောကြားခဲ့သည်ဟု ဟုမ္မ လင်းမြို့ဒေသခံ မြို့မိမြို့ဖများထံမှ သိရှိရသည်

ကိုတိုး ချင်းတွင်း