ဆိုင်ကယ်ကယ်ရီငှားရာမှ စကားများခဲ့ပြီး ကယ်ရီမောင်းနှင်သူများမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့၍ အမျိုးသားတစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 5/12/2014 06:08:00 AM


၁၀.၅.၂၀၁၄ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦးဇော်မြင့်တင်မှ ၎င်းနှင့်အတူ ကိုမိုးသူရ၊ ကိုကျော်ဝင်းလှိုင်၊ ကိုသောင်းတင်တို့မှာ အလုပ်ကိစ္စဖြင့် ရွှေလင်ပန်း၊(၁၀၃)ကားဂိတ်သို့ စက်ဘီးဖြင့်သွားရောက်ခဲ့ပြီး ပြန်လာစဉ် စက်ဘီးမှာဘီးပေါက်၍ ကယ်ရီငှားရန်အတွက် ရွှေလင်ပန်းဘုန်းကြီးကျောင်းရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားရာမှ ကယ်ရီမောင်းသူများနှင့် စကားများခဲ့ကြောင်း၊ ထိုသို့စကားများခဲ့ပြီး စက်ဘီးအား ဆက်လက်
တွန်းလာစဉ် ရွှေလင်ပန်း တံတားအဆင်းအရောက် စကားများခဲ့သော ဆိုင်ကယ်ကယ်ရီသမား(၆)ဦးခန့်လိုက်လာကာ သစ်သားတုတ်များဖြင့်
ဝိုင်းဝန်းရိုက်နှက်ပြီး လက်သီးနှင့်ထိုးကြသဖြင့် ၎င်းတွင် ဦးခေါင်းနှင့် ၀ဲမျက်ခုံးတို့၌ ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အတူပါသူ ကိုသောင်းတင်မှာလည်း ယာနားအုံပေါက်ပြဲဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ၁၁.၅.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင်သေဆုံး သွားခဲ့ကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၆၅၉/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် လှသိန်း၊(၅၀)နှစ်၊ (ဘ)ဦးစိန်သန်း၊ ကရင်(ခ)စိုးသိန်း၊ (၂၂)နှစ်၊ (ဘ)ဦးကျော်သန်းနှင့် သန်းလွင်၊ (၃၆)နှစ်၊ (ဘ)ဦးသန်းဝင်းတို့(၃)ဦးနှင့် အခြားအမည်မသိ(၃)ဦးတို့မှ ကျူးလွန်ခဲ့ခြင်း
ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ လှသိန်း၊ ကရင်(ခ)စိုးသိန်းနှင့် သန်းလွင်တို့(၃)ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ကျန်ပြစ်မှု
ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police