အလယ်ကလူ ရနံ့မခိုးရ

ပို့စ်တင်ချိန် - 5/11/2014 01:57:00 PM





ဟိုးရှေးရှေးတုန်းက အလွန်သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ရှိသတဲ့။ အဲဒီရေကန်ကြီးဟာ ကြာမျိုးစုံဖူးပွင့်နေပြီး ရေကလည်း  ကြည်လဲ့စိမ်းမြနေသတဲ့။ ဒီရေ ကန်ကြီးမှာ ကျေးငှက်သာရကာ တွေ၊ တိရစ္ဆာန်လေးတွေပါ ပျော် မြူးနေကြတာပေါ့။ ကြာတွေရဲ့ သင်းရနံ့ဟာ ပတ်ဝန်းကျင်တစ်ခု လုံးကို မွှေးပျံ့နေတာပဲတဲ့။ တစ်နေ့မှာတော့ အဲဒီရေကန်ကို ရဟန်းတစ်ပါးရောက်လာတယ်။ အဲဒီရဟန်းဟာ ကမ္မဋ္ဌာန်းစီးဖြန်း နေလေ့ရှိပြီး သီလစင်ကြယ်တယ်လို့ ထင်ရှားတဲ့သူဖြစ်တယ်။ ရေ ကန်ပေါ်ရောက်ရင်ပဲ ရဟန်းဟာ သင်းပျံ့လှတဲ့ ကြာရဲ့ရနံ့ကို အမှတ်တမဲ့ရှူရှိုက်မိပါလေရော။ အဲဒီလိုရှူလိုက်မိတဲ့ တစ်ပြိုင်နက်တည်းမှာပဲ ရေကန်စောင့် နတ်သမီးတစ်ပါးပေါ်လာပါတော့တယ်။ ကန်စောင့်နတ်သမီးက ရဟန်းကို ပိုင်ရှင်မသိဘဲ ရနံ့ကို ရှူရှိုက်တဲ့ ရနံ့သူခိုးလို့စွပ်စွဲပါလေရော။ အဲဒီလို စွပ်စွဲခံရတဲ့ အခါရဟန်းက ‘‘အို.. နတ်သမီး ကျွန်ုပ်က သင့်ရေကန်တွင်းမှ ကြာရဲ့ရနံ့ကို ရှူရှိုက်မိရုံသာဖြစ်တယ်။ ရေကန်တွင်းမှာ ကြာပန်း၊ ကြာဖူးတွေကိုကိုယ်တိုင်ဆင်းခူးနေသူတွေကို တော့ ခိုးသူလို့ မစွပ်စွဲဘဲဘာကြောင့် ကျွန်ုပ်ကိုစွပ်စွဲရတာလဲ’’လို့ ပြန်မေးသတဲ့။ ဒီတော့မှ နတ်သမီးက ‘‘ရဟန်း..ရေကန်တွင်းဆင်းပြီး ကြာဖူး၊ ကြာစွယ်၊ ကြာပန်းတွေကို ဆင်းခူးနေသူဟာ သာမန်လူသာဖြစ်တယ်။ သင်ရဟန်းကတော့ကိလေသာရာဂတွေ ကုန်စင်အောင် အားထုတ်နေသူဖြစ်တယ်။ သင့်လိုသီလစင်ကြယ်တဲ့ ရဟန်းမျိုးက ကြာပန်းရနံ့ကို နှစ်သက်ရှူ ရှိုက်မိလို့ စွဲလမ်းမက်မောမှုတွေ ဖြစ်လာရင်သင့်ရဲ့အဇ္ဈတ္တမှာ ကိလေသာတွေနဲ့ ညစ်နွမ်းတော့မယ်။ ဒါကြောင့်သင့်ကိုသတိပေးရခြင်း ဖြစ်တယ်လို့လျှောက်သတဲ့။ ရဟန်းလည်း ရေကန်စောင့်နတ်သမီးကို ကျေးဇူးတင်ကြောင်း ပြောသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်က ဘုရားဟော သုတ္တန် တစ်ခုထဲကကွ။ ရွှေသီးရေ.. ငါ တော့ ဒီပုံပြင်ကို ဖတ်မိမိချင်းပဲ လွှတ်ကြိုက်သွားတော့တာက လား။ တကယ့် တကယ်ကြာပန်း ကို ဆင်းခူးနေတဲ့သူက သူခိုးမစွဲ ခံရဘဲ ရနံ့ကို ရှူရှိုက်မိရုံနဲ့ သူခိုးလို့ စွဲခံရတဲ့ ရဟန်းကို နတ်သမီးရဲ့ အကြောင်းပြချက်က ခိုင်လုံရဲ့ လား။ မင်းဘယ်လိုထင်သလဲ ရွှေ သီး။ ငါတော့ ဒီပုံပြင်ကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ် စရာတွေများလာခဲ့တယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ် မှတ်လဲ။ ပတ်ဝန်းကျင်က မင်းကို ဘယ်လို သတ်မှတ်သလဲပေါ့။ ရဟန်းလား၊ ကြာဆင်းခူးတဲ့သူ လားပေါ့။

တစ်ခါတစ်ရံမှာ သာမန်လူ တွေအတွက် အပြစ်တစ်စုံတစ်ရာ ကျူးလွန်ရာမရောက်တဲ့ကိစ္စမျိုး မှာတောင် ကိုယ်ကျင့်သိက္ခာအရ၊ ရာထူးဂုဏ်သိန်အရ မြင့်မားတယ် လို့ အများက သတ်မှတ်လက်ခံ ထားတဲ့လူတွေမှာ အပြစ်ဖြစ်နေ တတ်တယ်။ ဆိုပါစို့ လမ်းဘေးမှာ မူးရမ်းနေတဲ့ ကလေကချေတစ် ယောက်က ဘယ်သူ့ကိုမှ သောက် ဂရုမစိုက်ဘူး။ အားလုံးကိုပါးရိုက် ပစ်မယ်။ ပုဆိုးလှန်ပြလိုက်မယ် ဆိုတာမျိုးပြောရင် ဒါကလေက ချေတစ်ယောက်ရဲ့ စရိုက်လက္ခ ဏာပဲလို့သတ်မှတ်ပြီး အဖက် မလုပ်ဘဲနေလိုက်ကြတယ်။ ဒီ စကားမျိုးကိုပဲ နိုင်ငံတော်အဆင့် လူကြီးတစ်ယောက်ကပြောတော့ ပွက်လောရိုက်ကုန်တာပေါ့။

အပြစ်ဆိုတာမှာလည်း နှစ် မျိုးနှစ်စားရှိတယ်တဲ့။ လောက ဝဇ္ဇဆိုတဲ့ လောကကြီးကတားမြစ်  ထားတဲ့ တရားတွေနဲ့ ပဏ္ဍိတဝဇ္ဇ လို့ခေါ်တဲ့ ပညာရှိတွေကဲ့ရဲ့ပြစ် တင်တာမျိုး၊ တချို့ကိစ္စတွေမှာ လောကသဘာဝအရ အပြစ်တစ် စုံတစ်ရာ မကျူးလွန်ပေမယ့် ပညာရှိတွေကဲ့ရဲ့တတ်ကြတယ်။ ခုနတ်သမီးစွပ်စွဲတဲ့ ဥပမာလိုပေါ့။

ပြောရရင် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ မျက်နှာစာတွေမှာရှိနေတဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ နေရာဌာနအသီး သီးရဲ့ ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေဟာ ကြာပန်းဆင်းခူးဖို့မပြောနဲ့ ကြာနံ့ လေးတောင် ခိုးရှူလို့မရဘူး။ သူ တို့ကို စောင့်ကြည့်နေတဲ့ ကန် စောင့်နတ်သမီးနဲ့တူတဲ့ လူတွေရှိ တယ်။

 အလွယ်ဆုံး ဥပမာပေးရ ရင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဝတ်တာ၊ စားတာကအစ စောင့် ကြည့် လေ့လာနေတဲ့သူတွေရှိ တယ်။ သူဟာ လုံးဝအပြစ်ကင်း စင်တဲ့ နတ်ဒေဝတာတစ်ပါးမဟုတ် ဘူး။

တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ ကံသုံးပါးထဲကတစ်ခုခု ချွတ်ချော်တိမ်းပါးသွားနိုင်တယ် ဆိုတာကို လူအများစုကမေ့ထား ကြတယ်။ ပြောရရင် ဒေါ်စုဖိနပ် ချွတ်တဲ့ကိစ္စမျိုးတောင် ဖေ့စ် ဘွတ်ခ်ပေါ်မှာ ပွသွားသေးတယ် လေ။ ဒါဟာ အကြီးအကဲလုပ်သူ တွေ သတိမူရမယ့်အချက်ပဲ။

တစ်ခုတော့ရှိတယ် ရွှေသီး။ နတ်သမီးကတော့ သူ့ရဲ့ တန်ခိုး ဣဒ္ဓိပါဒ်နဲ့ ဒီရဟန်းက သီလစင် ကြယ်သူဆိုပြီးမြင်တယ်။ ဒါ ကြောင့်လည်း ရဟန်းသီလညှိုး နွမ်းမယ့်အရေးကို သတိပေးတာ လေ။ မင်းတို့ ငါတို့က ဘာတန်ခိုး မှမရှိ၊ ဘာဣဒ္ဓိပါဒ်မှလည်းမရ တော့ သီလစင်သူမှန်း၊ မစင်သူ မှန်း ဘယ်လာသိမှာလဲ။ ရာထူး ကြီးကြီး၊ နေရာကြီးကြီး ယူထား ရင်ကို တို့က စင်ကြယ်တဲ့သူလို့ပဲ ထင်တတ်တာကိုး။ နောက်ကြာ ပန်းတွေဆင်းခူးမှ ဟာ-ဟင် တွေ ဖြစ်ကုန်ကြတာဟ။

ခုပဲကြည့်လေ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီး။ အရင် တုန်းကတော့ စစ်တပ်က ထိပ် တန်းခေါင်းဆောင်၊ လက်ရှိအာ ဏာရပါတီရဲ့ ထိပ်ပိုင်းကလူ။ မြန်မာတို့ရဲ့ အချစ်တော်ဦးပိုင်ရဲ့ ဥက္ကဋ္ဌဆိုတဲ့ ဂုဏ်ပုဒ်ကနေ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူး ကြီးရလိုက်တော့ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲကြီးကတော့ သွားပါပြီမှတ်တာ။ အထင်နဲ့ အမြင် တက်တက်စင်ကိုလွဲရော။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အရှိန်နဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လုံးဝတရားမျှတရမယ်လို့ သူ ပြောတော့ ဘယ်သူမယုံယုံ ငါ တော့ယုံတယ်။ ၂၀၁၂ ကြားဖြတ် နဲ့ သက်သေပြပြီးပြီလေ။ စစ်ဗိုလ် ချုပ်ဘဝကလာတိုင်း အာဏာရှင် စိတ်ရှိရမှာလား။ ဒီလိုပြည်သူ့ မျက်နှာကြည့်တဲ့၊ အမှန်တရားကို ချစ်တဲ့ ဗိုလ်ချုပ်တွေအများကြီးလို့ ချီးကျူးလို့မှမဆုံးသေးဘူး။ လာ မယ့်ကြားဖြတ်ရွေးကောက်ပွဲက စပြီး ကိုယ့်မဲဆန္ဒနယ်က ကိုယ်စား လှယ်ကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ လာပြီး မဲဆွယ်မစည်းရုံးရဘူး၊ မဟောပြောရဘူးလို့ ဥပဒေထုတ် ဖို့ပါတီတွေဆီစာပို့တယ်ဆိုပါ လား။ ဥက္ကဋ္ဌကြီးနှယ် ဘယ်နိုင်ငံ က ဥပဒေကိုများမှီငြမ်းလိုက်ပါ လိမ့်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် မြန်မာနိုင်ငံတစ်နံ တစ်လျားသွားနေရတာ ပင်ပန်းပါ တယ်လို့များတွေးမိလေသလား။ ဒါမှမဟုတ် ၉၂ ဒသမ ၄ ရာခိုင် နှုန်းထောက်ခံထားပါတယ်လို့  သူတို့အမြဲညွှန်းပြီး ကိုးကားနေကျ ဖွဲ့စည်းပုံကြီးရဲ့ ပုဒ်မ ၃၅၄ ကို များ အဓိပ္ပာယ်ကောက်လွဲနေရော့ သလားပဲ ရွှေသီးရေ။ ငါတော့ ကြာနံ့ရှူရုံတင်မကဘူး ကြာပန်း ဆင်းခူးဖို့ရေကန်စပ်ရောက်နေတဲ့ ကော်မရှင်ဥက္ကဋ္ဌကြီးပုံကို သွား မြင်မိတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံသား တိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့် ရှိသည်ဆိုပြီး ပုဒ်မခွဲ(က)မှာ မိမိ ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေ ခွင့်ရှိသည်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီးတော့မှ ပုဒ်မ ၃၅၄ နဲ့ ဆန့်ကျင်ဘက်ဥပဒေကို ကော်မရှင်က ပြဋ္ဌာန်းမယ်ဆိုတော့ ဒီဖွဲ့စည်းပုံကြီးကို ကော်မရှင်ဥက္ကဋ္ဌကြီးကိုယ်တိုင်များ မယုံကြည်ရော့လေသလား။ ဒါမှမဟုတ် စစ်အစိုးရအဆက်ဆက် အသုံးပြုခဲ့တဲ့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးဆိုတာတွေကိုပဲ အကြောင်းပြလေဦးမလားလို့ စဉ်းစားမိတယ်။

ရွှေသီးရေ.. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ ရာထူး တာဝန်ဟာ အင်မတန်မှ အရေး ကြီးတဲ့လုပ်ငန်းတာဝန်ပါ။ နိုင်ငံ တစ်နိုင်ငံရဲ့အုပ်ချုပ်သူ အစိုးရ မဟုတ်ပေမယ့် ပြည်သူ့ဆန္ဒနဲ့ အညီ အုပ်ချုပ်သူအစိုးရ တစ်ရပ် ပေါ်ထွန်းဖို့ ပြည်သူက လေးလေး စားစား ယုံယုံကြည်ကြည်အားကိုး ရမယ့်တာဝန်ကြီးပေါ့။ ဒီတာဝန် ကိုထမ်းဆောင်ရတဲ့သူဟာ စင် ကြယ်တဲ့ရဟန်းတစ်ပါးလိုပဲ နည်း နည်းလေးမှ အညစ်နွမ်းခံလို့မရ ဘူး။ ပြည်ခိုင်ဖြိုးဟာ ငါ့ရဲ့ကျေး ဇူးရှင်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗိုလ်ချုပ်အောင်ဆန်းသမီး၊ ငါတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဆိုတာ ငါတို့လိုကြာပန်းဆင်းခူး တဲ့ ပြည်သူတွေရဲ့အလုပ်ပါ။ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ကတော့ အတိတ်မှာဘာတွေဖြစ် ခဲ့ဖြစ်ခဲ့ လက်ရှိတာဝန်နဲ့ ရာထူး ထမ်းဆောင်နေအချိန်မှာ ဘယ် ပါတီကိုတော့ နှိပ်လိုက်ဦးမှဆိုတဲ့ မကောင်းတဲ့ကြာ ရနံ့လေးတောင် မရှူမိဖို့။

 လောကကြီးက ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကိုမချိုးဖောက်ဖို့လိုသလို ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်စေတဲ့ အရာမျိုးတွေကိုလည်း ရှောင်ရှားဖို့လိုတယ် မဟုတ်လား။ ဒါမှသမာသမတ်ကျတဲ့ အလယ်ကလူစင်စစ်ဖြစ်တော့မှာပေါ့။ အလယ်ကလူဆိုတာ တခြားဟာတွေကိုမပြောနဲ့ အနံ့တောင်ခိုးမရှူရဘူး ရွှေသီးရေ။  ။

7day daily