ရန်ကုန်အလုပ်သမား ဆေးရုံကြီးအား နိုင်ငံတကာအဆင့်မီ ပြန်လည် တည်ဆောက်မည်

ပို့စ်တင်ချိန် - 5/09/2014 09:31:00 AM


ကိုကိုမောင်

ရန်ကုန်အလုပ်သမား ဆေးရုံကြီးအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးရုံအဖြစ် ပြောင်းလဲတည်ဆောက် နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင် အောင်က The Messenger သတင်းစာ သို့ ပြောသည်။

အခုလက်ရှိကတော့ ၀န်ကြီးဆီကို အဆိုပြုလွှာ တင်ထားပါတယ်။ ၀န်ကြီးဆီက အမိန့်ကျ လာရင်တော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်ဖို့ နိုင်ငံခြား ကုမ္ပဏီတွေကို တင်ဒါ ခေါ်သွားမှာပါ””ဟု ၎င်း က ဆက်ပြောသည်။ အဆိုပါ အလုပ်သမားဆေးရုံကြီးအား အဆင့်မြှင့်တင် နိုင်ရန် အတွက် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံအသီးသီးမှ လာရောက် ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရ သည်။ ဒါဟာ အလုပ်သမားတွေ အတွက် ကောင်းတဲ့ ကိစ္စပဲ။ ဆေးရုံကြီး သက်တမ်းက လည်း ကြာလှပြီလေ။ ဒီလိုမျိုး အဖက်ဖက် ကနေ အရည်အသွေးပြည့်မီတဲ့ ဆေးရုံကြီးအ ဖြစ် ဖော်ဆောင်မယ်ဆိုရင်တော့ ကောင်းတာ ပေါ့ဟု အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးအောင်လင်းက The Messenger သတင်းစာသို့ ပြောသည်။ လက်ရှိတွင် ရန်ကုန် အလုပ်သမား ဆေးရုံကြီး၏ အခြေခံ အဆောက်အအုံ တချို့နှင့် အသုံးအဆောင် ပစ္စည်းများကို ပြောင်းလဲရန် လိုအပ်နေပြီး ၀န်ဆောင်မှုပိုင်း နှင့် ပတ်သက်၍ အလုပ်သမားများက ကျေနပ်လျက် ရှိကြောင်း ၎င်း က ဆိုသည်။လူမှုဖူလုံရေး ဆေးရုံကြီး သာမက မြို့ နယ်များရှိ လူမှုဖူလုံရေး ဆေးခန်းများကိုပါ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်း က ဆက်ပြောသည်။ မြန်မာ နိုင်ငံတွင် လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်း စုစုပေါင်း (၉၃)လုံးရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းတွင် ရန်ကုန်အလုပ် သမားဆေးရုံကြီးအပါအ၀င် ဆေးရုံ၊ ဆေးခန်း (၂၀)ခန့်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရ သည်။

လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသသည့် အလုပ်သမားများ အနေဖြင့် လူမှုဖူလုံရေး အာမခံ ထားရှိ၍ မှတ်ပုံတင်ရမည်ဖြစ်သည်။ လူမှုဖူလုံရေး အာမခံ ကြေးမှာ အလုပ်သမား၏ လစာမှ နှစ်ရာခိုင် နှုန်းနှင့် အလုပ်ရှင်မှ သုံးရာခိုင်နှုန်းကို လစဉ် ထည့်ဝင် ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး အာမခံ ထားရှိသော အလုပ်သမား ဦးရေ ခုနစ်သိန်း တစ်သောင်းကျော် ရှိကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရ သည်။
The Messenger