တောလိုက်ရာမှ သားကောင်နှင့်မှားယွင်းပစ်ခတ်မိ၍ သေဆုံး

ပို့စ်တင်ချိန် - 5/21/2014 08:47:00 PM


နေပြည်တော်၊ မေ ၂၁
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ နားတုံကျေးရွာအရှေ့ဘက်တောထဲတွင် လူတစ်ဦး တူမီးသေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းအရ နမ့်စန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၎င်းကျေးရွာနေ စိုင်းစန္တာ(၃၅)နှစ်အား လက်ပြင်အောက်ဘေးတည့်တည့်၌ တူမီးသေနတ် ဒဏ်ရာ(၁)ချက်ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက်အရ စိုင်းစန္တာသည် တစ်ရွာတည်းနေ စိုင်းကုန(၃၀)နှစ်နှင့်အတူ မေလ ၁၉ ရက်နေ့ ည ၈ နာရီခွဲအချိန်က တောလိုက်ရန်ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီအချိန်တွင် စိုင်းကုနမှ စိုင်းစန္တာအား သားကောင်နှင့်မှားယွင်းပစ်ခတ်မိ၍ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် စိုင်းကုနအား နမ့်စန်မြို့မရဲစခန်း(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထာကြောင်း သတင်းရရှိသည်။

ရဲဇာနည်